ရခိုင်မှာ သက်ငယ်မုဒိမ်းမှု အဖြစ်များလာတာ ဘာကြောင့်လဲ
05 Oct 2023
ရခိုင်ပြည်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု စသည့် မှုခင်းဖြစ်စဉ်များ ထူပြောလာပြီး ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေကြသည်။ အထူးသဖြင့် ယခုနောက်ပိုင်းတွင် သက်ငယ်မုဒိမ်းများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူများမှာ ကလေးနှင့်ဆွေမျိုးတော်စပ်သူများ၊ အိမ်သို့အဝင်အထွက်ရှိသူများ ဖြစ်နေသည်ကို တွေ့ရသည်။