ဒေါက်တာအေးမောင်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေငြာချက်အပေါ် သုံးသပ်ချက်များ
23 May 2020
အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ(၁၈)ရက်နေ့တွင် ကြေငြာလိုက်သည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ငြိစွန်းနေသဖြင့် ဒေါက်တာအေးမောင်အား နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း...