ဒေါက်တာအေးမောင်တို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်၏ အမြင်
22 Mar 2019
“ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဗမာပြည်မမှာ ရှိတဲ့ ဗမာတိုင်းရင်းတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း အတူ သူတို့လိုချင်တဲ့ ပုံစံအတိုင်း တရားမျှတမှုကို လိုလားတဲ့ အင်အားစုတွေ ရှိတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဗမာတိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ ကျွန်တော်တို့ကလည်း စစ်တပ်က ကျွန်တော် တို့ကို ကိုယ်စားပြုတယ်လို့ လက်ခံမထားဘူး”