ရသေ့တောင်ကို AA သိမ်းပိုက်လိုက်ပြီ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို မတ်လ ၁၇ ရက် ညနေ ၄ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်လိုက်သည်။

By Admin 18 Mar 2024

ရသေ့တောင်ကို AA သိမ်းပိုက်လိုက်ပြီ

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃)ခုစလုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီက လောလောဆယ် စစ်သင်တန်းပေးထားသော မွတ်ဆလင်များ၏ ရုပ်အလောင်းများကိုလည်း တွေ့ရကြောင်း AA က ထုတ်ပြန်သည်။

ယင်းအပြင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်မှာ စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုထားသည်။ 

ဆက်လက်၍ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့အတွင်းရှိ စစ်ကောင်စီ၏ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂)တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။  

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ ၈ မြို့အထိရှိလာပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် မြို့ ၉ မြို့အထိ AA ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ