- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံထားရသည့် ရခိုင်စီးပွားရေးဝန်ကြီးအမှုကို စစ်ဆေးနေ
“ဘယ်လောက်ပဲ အဂတိလိုက်စားမှုထင်ရှားရှား၊ မရှားရှားပေါ့။ လွှတ်တော်ရဲ့အဆုံးအဖြတ်က သုံးပုံနှစ်ပုံ ဆိုတဲ့ အတွက် သုံးပုံနှစ်ပုံမရတဲ့အခါ ကျနော်တို့ရဲ့စွတ်စွဲပြစ်တင်အဆိုဟာ ရှုံးတယ်။ ဒါကတော့ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့သွားတာဖြစ်တဲ့အတွက် ကျနော်အနေနဲ့ ပြောစရာမရှိပါဘူး ”
15 Sep 2018
နေဝင်းစံ၊ DMG
စက်တင်ဘာ ၁၅၊ စစ်တွေ
အဂတိလိုက်စားမှုဖြင့်တိုင်ကြားခံထားရသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအမှုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း တိုင်ကြားထားသူများထံမှသိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား ၂ ဦး အား စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
“အဓိကတော့ ကျနော်တို့ တိုင်တဲ့ဟာက အမှန်တကယ် ဟုတ်၊ မဟုတ်။ ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်တာလား။ ပြည်သူလူထုကတင်ပြလာ တဲ့ အတွက် တိုင်တာဟုတ်၊ မဟုတ်။ ဒါတွေကိုပဲမေးတာ ” ဟု မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ဆိုသည်။
ဝန်ကြီးဦးကျော်အေးသိန်းမှာ မြောက်ဦးမြို့ ပျံကျဈေးတည်ဆောက်ရေးတင်ဒါပေးအပ်ရာတွင် အဂတိ လိုက်စား မှုရှိသည့်အတွက် မြောက်ဦးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က သြဂုတ်လ ၁၁ ရက်နေ့တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြောက်ဦးမြို့ ပျံကျဈေး တည်ဆောက်ရေးတင်ဒါမှာ ဦးကျော်အေးသိန်းချပေးတဲ့တင်ဒါဟာ အစိုးရက ထုတ်ပြန် ထားတဲ့ တင်ဒါ စည်းမျဉ်း၊စည်းကမ်း ဥပဒေနဲ့မကိုက်ညီဘူး။ ဒီတင်ဒါချပေးတာဟာ အဂတိလိုက်စားပြီးတော့ ချပေး တာသာဖြစ်တယ် ” ဟု မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝင် ဝန်ကြီးဦးကျော်အေးသိန်းအား DMG မှ ယနေ့ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားသေးကြောင်း ပြန် လည်ဖြေဆိုခဲ့သည်။
လွန်ခဲ့သည့် မေလအတွင်းကလည်း ဝန်ကြီးဦးကျော်အေးသိန်းအား ပေးအပ်ထားသည့် တာဝန်များကို ကြေပွန်စွာမထမ်းဆောင်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့မှ လက်မှတ် ရေးထိုး တိုင်ကြားခဲ့ကြရ ဝန်ကြီးအားတာဝန်မှရပ်စဲရေးအဆိုကို ပြည်နယ်လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ၌ ရှုံးနိမ့်ခဲ့သည်။
“ဘယ်လောက်ပဲ အဂတိလိုက်စားမှုထင်ရှားရှား၊ မရှားရှားပေါ့။ လွှတ်တော်ရဲ့အဆုံးအဖြတ်က သုံးပုံနှစ်ပုံ ဆိုတဲ့ အတွက် သုံးပုံနှစ်ပုံမရတဲ့အခါ ကျနော်တို့ရဲ့စွတ်စွဲပြစ်တင်အဆိုဟာ ရှုံးတယ်။ ဒါကတော့ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့သွားတာဖြစ်တဲ့အတွက် ကျနော်အနေနဲ့ ပြောစရာမရှိပါဘူး ” ဟု ဦးထွန်းသာစိန်က ဆိုသည်။
ဝန်ကြီးဦးကျော်အေးသိန်းကိုတိုင်ကြားထားမှုအား လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်နေသည့်အတွက် ဥပဒေနှင့်အညီလုပ်ဆောင် ပေးမည်ဟုမျှော်လင့်ကြောင်း လည်း ၎င်းကပြောသည်။
မြောက်ဦးမြို့တော်ခန်းမဆောက်လုပ်ရန် တင်ဒါပေးအပ်ခြင်းနှင့်ပတ်သက်ပြီးလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကိုလည်း မြောက်ဦးမြို့နယ်အခြေစိုက်ကုမ္ပဏီအချို့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြသည်။