- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ပနားမား သဘောတူညီချက်၌ တူးမြောင်းတွင် အမေရိကန်တပ်များ နေရာချထားခွင့် ပါဝင်
အမေရိကန်နှင့် ပနားမားအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက် အသစ်၌ ပနားမားတူးမြောင်းတလျှောက်ရှိ ကင်းစခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင်များ နေရာချထားခွင့်လည်း ပါဝင်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Apr 2025

အမေရိကန်နှင့် ပနားမားအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက် အသစ်၌ ပနားမားတူးမြောင်းတလျှောက်ရှိ ကင်းစခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင်များ နေရာချထားခွင့်လည်း ပါဝင်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဧပြီလ ၁၀ ရက်နေ့၌ မိမိတို့ ကြည့်ရှုခွင့် ရခဲ့သည့် ပူးတွဲသဘောတူညီချက်တွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီက ဖော်ပြသည်။ သဘောတူညီချက်၌ အမေရိကန် တပ်ဖွဲ့ဝင်များသည် ပနားမားပိုင် နေရာအဆောက်အအုံများတွင် သင်တန်းပေးခြင်း၊ လေ့ကျင့်ခြင်းအပြင် "အခြား ဆောင်ရွက်ချက်များ" လုပ်ပိုင်ခွင့် ရရှိထားသည်။
တူးမြောင်းတလျှောက်တွင် စခန်းများ ဆောက်လုပ်ခွင့်အထိတော့ မပါရှိပေ။ ဤခွင့်ပြုချက်သာ ပါလာပါက ပနားမားနိုင်ငံသားများအကြား အလွန်အမင်း သဘောမကျမှုများ ရှိလာနိုင်သလို တရားတဘောင် အငြင်းအခုံများလည်း ရှိလာနိုင်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါစခန်းများအနက် အချို့ကို ဆယ်စုနှစ်များစွာ အကြာက အမေရိကန်တို့ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ၌လည်း တပ်ဖွဲ့ဝင်အရေအတွက် မည်မျှအထိ ချထားခွင့် ရှိသည်ကို ကန့်သတ်ထားသည်မျိုး မတွေ့ရပေ။
သမ္မတထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် အာဏာရလာချိန်တည်းက ပနားမားတူးမြောင်းသည် တရုတ်သြဇာ လွှမ်းမိုးမှု အလွန်အကျွံ ခံနေရကြောင်း တောက်လျှောက် စွပ်စွဲပြောကြားခဲ့သလို ၎င်း၏ အစိုးရအဖွဲ့ကလည်း ၁၉၉၉ တွင် အမေရိကန်တို့ တည်ဆောက်ခဲ့သည့် ဤတူးမြောင်းကို ပြန်ယူပြီး ဗျူဟာမြောက် ရေလမ်းကြောင်းကို ထိန်းချုပ်မည်ဟု ပြောကြားထားသည်။
ပနားမား တူးမြောင်းအတွင်း ဖြတ်သန်းသွားလာသည့် ကုန်သင်္ဘော ၄၀ ရာခိုင်နှုန်းခန့်သည် အမေရိကန်မှ ဖြစ်သည်။