- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
မြန်မာပြည်မှ နျူကလီးယား ဓာတ်အားပေးစက်ရုံ အစီအစဉ် ဆက်လုပ်သွားမည်ဟု ရုရှားပြော
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် မန္တလေးနှင့် စစ်ကိုင်းရှိ နေရာအများအပြားတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သော်လည်း နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အစီအစဉ်ကို ပုံမှန်အတိုင်း အကောင်အထည်ဖော်သွားမည်ဟု ရုရှားက ပြောကြားကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 Apr 2025
DMG၊ ဧပြီ ၂၃
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် မန္တလေးနှင့် စစ်ကိုင်းရှိ နေရာအများအပြားတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သော်လည်း နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အစီအစဉ်ကို ပုံမှန်အတိုင်း အကောင်အထည်ဖော်သွားမည်ဟု ရုရှားက ပြောကြားကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“မကြာသေးမီက ဖြစ်ပွားခဲ့သည့် ငလျင်သည် မြန်မာနိုင်ငံရှိ ရိုဆာတမ်၏ စီမံကိန်းများကို သက်ရောက်မှု မရှိခဲ့ပါ။ .. ရိုဆာတမ်အနေဖြင့် ငလျင်ဒဏ်ကို ကာကွယ်နိုင်မည့် အသေးစိတ်ကိရိယာများ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှု ရှိစေရေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားလိုပါသည်” ဟု ကုမ္ပဏီက ရိုက်တာသတင်းဌာနသို့ အကြောင်းပြန်ကြားသည့် အီးမေးထဲတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် ပြီးခဲ့သော မတ်လအတွင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူချက်အရ ရုရှားအစိုးရပိုင် ရိုဆာတမ် (Rosatom) ကုမ္ပဏီသည် မြန်မာတွင် ၅၅ မဂ္ဂါဝပ်ထုတ်ပေးမည့် ဓာတ်ပေါင်းဖို နှစ်လုံးဖြင့် စုစုပေါင်း ၁၁၀ မဂ္ဂါဝပ် ကနဦးရရှိမည့် နျူကလီးယား ဓာတ်အားပေး စက်ရုံငယ်ကို ဆောက်လုပ်မည် ဖြစ်သည်။
ဤသဘောတူညီမှု ရရှိခဲ့ပြီး သီတင်းသုံးပတ်ခန့်အကြာ၌ မြန်မာပြည်တွင် ၇.၇ မဂ္ဂနီကျုအဆင့်ရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့သည့်အတွက် မန္တလေးနှင့် စစ်ကိုင်းဒေသတို့၌ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည်။ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာလည်း လက်ရှိအချိန်အထိ ၃၇၀၀ ကျော်နေပြီဖြစ်သည်။
ယခုဆောက်လုပ်မည့် နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ဆောက်လုပ်မည့်နေရာနှင့် ဆောက်လုပ်ရေးကာလ အသေးစိတ်ကို ရိုဆာတမ်က ပြောကြားခြင်း မရှိပေ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကမူ ဤစက်ရုံကို နေပြည်တော်တွင် ဆောက်လုပ်နိုင်ခြေ ရှိသည်ဟု ယူဆထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ နောက်ထပ် အလားအလာရှိသည့် နေရာနှစ်ခုမှာ ပဲခူးတိုင်း အလယ်ပိုင်းနှင့် ထားဝယ် အထူးစီးပွားရေးဇုန်နေရာတို့ ဖြစ်သည်။