- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
- ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
ဗိုလ်မှူးကြီးစောချစ်သူနှင့် သားနှစ်ယောက်ကို အမေရိကန်က ဒဏ်ခတ်အရေးယူ
ကရင်နယ်ခြားစောင့်တပ် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သူ့သားနှစ်ဦးအပါအဝင် KNA တစ်ဖွဲ့လုံးအား အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 May 2025

DMG ၊ မေ ၆
ကရင်နယ်ခြားစောင့်တပ် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သူ့သားနှစ်ဦးအပါအဝင် KNA တစ်ဖွဲ့လုံးအား အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းငွေလိမ် လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများအတွက် ယခုကဲ့သို့ ဒဏ်ခတ်အရေးယူရခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိကြောင်း ရိုက်တာက ဖော်ပြသည်။
ယခုပိတ်ဆို့မှု၌ ကရင်အမျိုးသားတပ်မတော် KNA ၊ ဗိုလ်မှူးကြီးစောချစ်သူ၊ သူ၏ သားနှစ်ယောက်ဖြစ်သော စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ ပါဝင်သည်။
စောချစ်သူဦးဆောင်သည့် KNA တပ်သည် ထိုင်း-မြန်မာနယ်စပ် ဧရိယာကို ထိန်းချုပ်ထားပြီး အဆိုပါနေရာ၌ အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြားရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“KNA ဟာ သူတို့ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကနေ ဘီလျံနဲ့ချီ အကျိုးအမြတ်ရနေပြီး အလိမ်ခံရသူတွေကတော့ သူတို့ ရုန်းကန်ရှာဖွေထားတဲ့ ငွေတွေ ဆုံးရှုံးသလို မလုံခြုံမှုလည်း ခံစားခဲ့ရတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုက်ကယ် ဖော့ကန်ဒါက ပြောကြားသည်။
KNA ဌာနချုပ်ရုံးစိုက်ရာ မြဝတီမြို့၏ နယ်စပ်ကုန်သွယ်ရေးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံအထက် တန်ဖိုးရှိပြီး မြန်မာစစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား ထိန်းချုပ်မှုရရန် အပြိုင်ဆိုင် ကြိုးပမ်းနေကြသည့်နေရာ ဖြစ်သည်။