- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
- တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်
အိန္ဒိယဝန်ကြီးချုပ်နှင့် အမေရိကန် ဒု-သမ္မတ ဒေလီမှာတွေ့ဆုံ
နှစ်ဘက်ခေါင်းဆောင်များအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်များအနက် စွမ်းအင်၊ ကာကွယ်ရေးနှင့် ဗျူဟာမြောက် နည်းပညာ ကိစ္စရပ်များကို အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးချက်များလည်း ပါဝင်ခဲ့ကြောင်း မိုဒီရုံးက ထုတ်ပြန်ထားသည်။
22 Apr 2025
DMG ၊ ဧပြီ ၂၂
အမေရိကန် ဒု-သမ္မတ ဂျေဒီဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်များ ဆွေးနွေးခဲ့ကြောင်း နှစ်ဘက် သက်ဆိုင်ရာရုံးများက ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။ အမေရိကန်၏ အခွန်တိုးမြှင့်မှုများကို ရှောင်ရှားနိုင်ရေးအတွက် နယူးဒေလီဘက်က ထရမ့်အစိုးရကို ချဉ်းကပ်နေချိန်၌ ယခုကဲ့သို့ တွေ့ဆုံမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
နှစ်ဘက်ခေါင်းဆောင်များအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်များအနက် စွမ်းအင်၊ ကာကွယ်ရေးနှင့် ဗျူဟာမြောက် နည်းပညာ ကိစ္စရပ်များကို အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးချက်များလည်း ပါဝင်ခဲ့ကြောင်း မိုဒီရုံးက ထုတ်ပြန်ထားသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ရှေ့ဆက် ဆွေးနွေးညှိနှိုင်းသွားရန်ပါ သဘောတူခဲ့သည်ဟု ထရမ့်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
အမေရိကန်သည် အိန္ဒိယ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂၉ ဘီလျံအထိ ရှိခဲ့သည်။
တနင်္လာနေ့တွင် မိသားစုနှင့်အတူ ရောက်ရှိခဲ့သော ဂျေဒီဗန့်စ်သည် အိန္ဒိယတွင် လေးရက်ကြာ ရှိမည်ဖြစ်ကြောင်း အမေရိကန်ဘက်မှ တာဝန်ရှိသူများက ပြောကြားထားသည်။
အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Quad အဖွဲ့၏ အစည်းအဝေးကို ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်မည့် သမ္မတထရမ့်အတွက် အကြိုအဖြစ် ယခုကဲ့သို့ ဒု-သမ္မတခရီးစဉ် ပေါ်လာခြင်းဟုလည်း ယူဆရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။