- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
ဂျာစီကျွန်းပေါက်ကွဲမှုကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို တစ်ညလုံးရှာဖွေမှုတွေ ပြုလုပ်နေ
ဂျာစီကျွန်းပေါက်ကွဲမှုကြောင့် လူနေထိုင်ရာတိုက်ခန်းတွဲ အဆောက်အဦတစ်ခု စနေနေ့မနက် အစောပိုင်းမှာပြိုကျခဲ့ပြီး အနည်းဆုံး လူသုံးယောက် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကနေ အသက်ရှင်ကျန်ရစ်နေကြသူတွေကို ကယ်ဆယ်ရေးသမားတွေက တစ်ညလုံးရှာဖွေခဲ့ကြပြီး အသက်ရှင်ကျန်ရစ်ခဲ့သူတချို့ကို အပျက်အစီးတွေကြားက ကယ်ဆယ်နိုင်ခဲ့ပါတယ်။
12 Dec 2022

ဒီဇင်ဘာ ၁၀ ရက် စနေနေ့မနက်ခင်းပိုင်း ဂျာစီကျွန်းပေါက်ကွဲမှုကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
DMG | ဒီဇင်ဘာ ၁၂
ဂျာစီကျွန်းပေါက်ကွဲမှုကြောင့် လူနေထိုင်ရာတိုက်ခန်းတွဲ အဆောက်အဦတစ်ခု စနေနေ့မနက် အစောပိုင်းမှာပြိုကျခဲ့ပြီး အနည်းဆုံး လူသုံးယောက် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကနေ အသက်ရှင်ကျန်ရစ်နေကြသူတွေကို ကယ်ဆယ်ရေးသမားတွေက တစ်ညလုံးရှာဖွေခဲ့ကြပြီး အသက်ရှင်ကျန်ရစ်ခဲ့သူတချို့ကို အပျက်အစီးတွေကြားက ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် စနေနေ့မနက်ခင်း ၄ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာပဲ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
စီစီတီဗီ မှတ်တမ်းတွေအရ မြို့တော် ဂျာစီကျွန်းမြို့တော် St Helier မှာရှိတဲ့ သုံးထပ်အဆောက်အအုံဆီက မီးတောက်မီးလျှံကြီးတစ်ခု လျှံတက်သွားတာတွေ့ခဲ့ရပြီး လူအများအပြား ပျောက်ဆုံးနေပါသေးတယ်။
မီးလောင်ပေါက်ကွဲခဲ့တဲ့ ဧရိယာဝန်းကျင်မှာ မီးလောင်ကျွမ်းနေပြီး ကယ်ဆယ်ရေးသမားတွေက တစ်ညလုံး အလုပ် လုပ်နေခဲ့ကြပါတယ်။ ကယ်ဆယ်ရေးသမားတွေက သူတို့အလုပ်ကို ရပ်တန့်ပစ်မှာမဟုတ်ဘူးလို့ မီးသတ် အရာရှိ ပေါလ်ဘရောင်းက သတင်းထောက်တွေကို ပြောပါတယ်။
"ဒေသရဲ့ ဗိသုကာလက်ရာတချို့ ပျက်စီးတာတွေရှိပါတယ်။ မီးလောင်ခံထားရတဲ့ တိုက်ခန်းတွေ ဘေးကင်းလုံခြုံဖို့ လိုတယ်" လို့ သူကပြောပါတယ်။
စနေနေ့မနက်မှာ ပေါက်ကွဲမှုကြောင့် အဆောက်အအုံပြိုကျပြီးတဲ့နောက် အထူးကျွမ်းကျင်သူတွေ အဖွဲ့နဲ့အတူ ရှာဖွေရေးခွေးတွေလည်း အခင်းဖြစ်ရာနေရာကို ရောက်ရှိလာခဲ့ကြပါတယ်။ ဂျာစီအစိုးရအနေနဲ့ ပျောက်ဆုံးနေသေးတဲ့ လူတွေကိုရှာဖွေနိုင်ဖို့ အေဂျင်စီပေါင်းစုံနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။
ဝန်ကြီးချုပ် Kristina Moore လည်း အခုဖြစ်ရပ်ကို "ထင်မှတ်မထားတဲ့ ကြေကွဲစရာအဖြစ်အပျက်" အဖြစ် ဖော်ပြခဲ့ပါတယ်။