- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
စစ်ကိုင်းတိုင်းအတွင်းရှိ မိမိတို့၏ ဌာနချုပ်ကို အိန္ဒိယစစ်တပ်က ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် မိမိတို့၏ ထိပ်တန်းခေါင်းဆောင် သုံးဦး သေဆုံးခဲ့ကြောင်း အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) က ပြောကြားလိုက်သည်။
14 Jul 2025

စစ်ကိုင်းတိုင်းအတွင်းရှိ မိမိတို့၏ ဌာနချုပ်ကို အိန္ဒိယစစ်တပ်က ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် မိမိတို့၏ ထိပ်တန်းခေါင်းဆောင် သုံးဦး သေဆုံးခဲ့ကြောင်း အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) က ပြောကြားလိုက်သည်။
နောက်ထပ် တပ်ဖွဲ့ဝင် ၁၉ ဦးလည်း ဒဏ်ရာရရှိသွားသည်ဟု ULFA ၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်အနီး မြန်မာဘက်ခြမ်း နာဂဒေသအတွင်းရှိ မိမိတို့၏ ယာယီစခန်းများအား တနင်္ဂနွေနေ့ နံနက် ၂ နာရီနှင့် ၄ နာရီကြားတွင် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အိန္ဒိယစစ်တပ်သည် ဒရုန်းအမြောက်အများဖြင့် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ULFA က ထုတ်ပြန်ထားသည်။
အဆိုပါ ဒရုန်းများသည် အစ္စရေးနှင့် ပြင်သစ်နိုင်ငံတို့မှ ထုတ်လုပ်ထားသည့် ဒရုန်းများဟုလည်း ULFA က ပြောကြားသည်။
သေဆုံးသွားသည့် ခေါင်းဆောင်သုံးဦးမှာ နာယန်းအာသံ (Nayan Asom)၊ ဂါနက်ရှ်အာသံ (Ganesh Asom) နှင့် ပရာဒစ်အာသံ (Pradip Asom) တို့ဖြစ်ကြောင်း အာသံလွတ်မြောက်ရေးတပ်ဦးက ထုတ်ပြန်ထားသည်။
အိန္ဒိယစစ်တပ်ကမူ ULFA ၏ ပြောကြားချက်ကို ငြင်းဆိုထားသလို ယခုကဲ့သို့ တိုက်ခိုက်မှုမျိုး၌ အိန္ဒိယစစ်တပ်က ပါဝင်ပတ်သက်ခြင်းမရှိဟုလည်း ပြောကြားထားသည်။
အာသံပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ကလည်း ယခုတိုက်ခိုက်မှုတွင် မိမိတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသလို သတင်းအချက်အလက်များကို ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း သိရန် လိုအပ်သည်ဟု ပြောကြားထားကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။