- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
မြန်မာလေတပ်သည် အရပ်သားများအပေါ် အဆင်ခြင်မဲ့ လေကြောင်းဗုံးကြဲမှုများ၌ တရုတ်အကူအညီဖြင့် ထုတ်လုပ်သည့် ဗုံးများကို အဓိကအသုံးပြုနေခြင်း ဖြစ်ကြောင်း မြန်မာ့အရေး အထူးအကြံပေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
18 Jul 2025

မြန်မာလေတပ်သည် အရပ်သားများအပေါ် အဆင်ခြင်မဲ့ လေကြောင်းဗုံးကြဲမှုများ၌ တရုတ်အကူအညီဖြင့် ထုတ်လုပ်သည့် ဗုံးများကို အဓိကအသုံးပြုနေခြင်း ဖြစ်ကြောင်း မြန်မာ့အရေး အထူးအကြံပေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ထိပ်တန်းအရာရှိ သုံးဦးအပါအဝင် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ဇူလိုင်လ ၁၆ ရက်နေ့၌ အဆိုပါအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
"သေမင်းတမန်စက်ရုံ - မြန်မာစစ်တပ်၏ ဗုံးထုတ်လုပ်မှုအတွက် တရုတ်ကပေးနေသည့် အကူအညီ" ဟုခေါင်းစဉ်တပ်ထားသော အဆိုပါအစီရင်ခံစာ၌ မကွေးတိုင်းရှိ စစ်ကောင်စီ၏ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) နှင့် တရုတ်အစိုးရပိုင် China South ကုမ္ပဏီအကြား ဆက်စပ်မှုများကို အလေးပေး ဖော်ပြထားသည်။
ကပစ-၂၁ ၏ လက်ရှိ ဗုံးထုတ်လုပ်မှု လမ်းကြောင်းတွင် အဓိကအားဖြင့် China South ကုမ္ပဏီနှင့် ၎င်း၏ လက်အောက်ခံ Hunan Vanguard ကုမ္ပဏီတို့က အခြေခံကျကျ ကူညီပံ့ပိုးနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ထိုအထဲ၌ တရုတ်အင်ဂျင်နီယာများ စေလွှတ်ခြင်း၊ ကပစ-၂၁ ဝန်ထမ်းများကို တရုတ်ပြည်တွင် သင်တန်းပေးခြင်း၊ ဗုံးထုတ်လုပ်မှုအတွက် အရေးပါသည့် ပါဝင်ပစ္စည်းများကို ထောက်ပံ့ခြင်းတို့ကအစ ပါဝင်သည်။
လက်ရှိ၌လည်း စစ်ကောင်စီ၏ ထုတ်လုပ်ရေး လုပ်ငန်းတွင်အတွက် အဝေးမှနေ၍ နည်းပညာအကူအညီများ ပေးအပ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကပစ-၂၁ သည် လက်ရှိတွင် လေကြောင်းဗုံး ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများ အားလုံးကို နိုင်ငံခြားမှ မှာယူတင်သွင်းနေရခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။
"China South ဟာ တရုတ်အစိုးရပိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး အစိုးရဆီ အစီရင်ခံရပါတယ်။ မြန်မာစစ်ကောင်စီအတွက် လေကြောင်းဗုံးနဲ့ ဗုံးထုတ်လုပ်ရေး နည်းပညာအကူအညီတွေ ပေးနေခြင်းဟာ အရပ်သားတွေအပေါ် စစ်ကောင်စီကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေမှာ China South လည်း ကြံရာပါအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးမှာ ပါဝင်ကူညီမှုတွေ အားလုံးကို တရုတ်ဘက်က ရပ်တန့်ရပါမယ်" ဟု SAC-M ထူထောင်သူများအနက် တစ်ဦးဖြစ်ပြီး ယခင်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ယန်ဟီးလီက ပြောကြားသည်။
SAC-M သည် ယခုအစီရင်ခံစာအား တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များ၊ လူကိုယ်တိုင် ဖြေကြားချက်များ၊ ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းမှုများ အပါအဝင် သတင်းရင်းမြစ်များကို အသုံးပြု၍ ရေးသားထားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်ကောင်စီအား EU ၊ US နှင့် UK အပါအဝင် အနောက်နိုင်ငံ အများအပြားက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီအပေါ် တရုတ်၏ အကူအညီများမှာမူ ပိုတိုးလာလျက်ရှိသည်။
တရုတ်သည် မြန်မာအတွက် လက်နက်ခဲယမ်းများကို ဆယ်စုနှစ်များစွာ ထောက်ပံ့လာသူဖြစ်သလို မြန်မာ၏ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရေး ကဏ္ဍတွင်လည်း အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။