- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
၂ နှစ်နီးပါးကြာ ရပ်ဆိုင်းထားခဲ့သော မြန်မာနိုင်ငံရှိ ဝပြည်နယ်မှ သံဖြူသတ္တုတင်ပို့မှုများကို လာမည့်လများအတွင်း ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ သံဖြူသတ္တုအဖွဲ့အစည်း၏ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Jul 2025

၂ နှစ်နီးပါးကြာ ရပ်ဆိုင်းထားခဲ့သော မြန်မာနိုင်ငံရှိ ဝပြည်နယ်မှ သံဖြူသတ္တုတင်ပို့မှုများကို လာမည့်လများအတွင်း ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ သံဖြူသတ္တုအဖွဲ့အစည်း၏ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်တော့မည်ဟူသော ထင်ကြေးပေးမှုများ ကုန်သည်များအကြားတွင် ထွက်ပေါ်နေချိန်၌ ယခုကဲ့သို့သော တိုးတက်မှုအခြေအနေများ ဤအခြေအနေက ကမ္ဘာ့သံဖြူသတ္တု ဈေးနှုန်းများကိုလည်း သက်ရောက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး သံဖြူသတ္တုထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး ဝပြည်နယ်မှာ နိုင်ငံ၏ သံဖြူသတ္တုတင်ပို့မှု ၇၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။
ဝပြည်နယ်၏ ဒေသအများစုကို အုပ်ချုပ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် သတ္တုတူးဖော်ရေး သယံဇာတများကို ထိန်းသိမ်းရန်အတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။
နိုင်ငံတကာ သံဖြူသတ္တုအဖွဲ့အစည်း၏ ဈေးကွက်ထောက်လှမ်းရေးဌာန အကြီးတန်း လေ့လာသုံးသပ်သူ တွမ် လန်းစတန် က "ပြီးခဲ့တဲ့လတွေတုန်းက တိုးတက်မှုဟာ အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။ လိုင်စင်ကြေးတွေ မြင့်မားနေတာက အတားအဆီးတစ်ခုလို ဖြစ်နေခဲ့တာပါ။ အခုတော့ မိုင်းမောဒေသက လုပ်ငန်းရှင်တချို့ဟာ သုံးနှစ်သက်တမ်းရှိတဲ့ သတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့်တွေကို ရရှိထားပြီလို့ ကျွန်တော်တို့ သိထားပါတယ်" ဟု ပြောကြားခဲ့သည်။
တွမ် လန်းစတန် က စက်ပစ္စည်းများနှင့် ဝန်ထမ်းများ၏ သွားလာလှုပ်ရှား ဆောင်ရွက်မှုအပေါ် တင်းတင်းကျပ်ကျပ် ဆက်လက်ထိန်းချုပ်ထားခြင်းက သံဖြူသတ္တုတင်ပို့မှုများ ပြန်လည်စတင်ခြင်းကို သက်ရောက်မှုရှိနေနိုင်သေးသည့် အကြောင်းအရင်းများဖြစ်ကြောင်းလည်း မီးမောင်းထိုးပြသွားခဲ့သည်။
အရှေ့တောင်အာရှ ငြိမ်းချမ်းရေးအဖွဲ့တွင် အကြီးတန်း အရာရှိရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဦးရဲမျိုးဟိန်းက တိုင်းရင်းသား ဝလူနည်းစုနှင့် ဆက်စပ်နေသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် မြန်မာစစ်တပ်အာဏာပိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့က လန်ဒန်သတ္တုဈေးကွက်၌ သံဖြူသတ္တုဈေးနှုန်းများမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး တစ်တန်လျှင် အမေရိကန် ၃၂,၇၇၅ ဒေါ်လာ အထိ ရောက်ရှိသွားခဲ့ကာ သုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ဈေးနှုန်းကျဆင်းသွားခဲ့သည်။
တရုတ်က ကျောထောက်နောက်ခံပြုထားသော ဝအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ၌လည်း မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ မြေရှားသတ္တုသိုက် အချို့ကို ထပ်မံ ထိန်းချုပ်နိုင်ခဲ့သည်။