- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
ထိုင်းနိုင်ငံရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်များအား ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ထိုင်းနိုင်ငံရှိ အရပ်ဘက်ကွန်ရက်တစ်ခုက ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေး အောက်လွှတ်တော်ကော်မတီ ဥက္ကဌထံ တင်ပြတောင်းဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Jul 2025

ထိုင်းနိုင်ငံရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်များအား ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ထိုင်းနိုင်ငံရှိ အရပ်ဘက်ကွန်ရက်တစ်ခုက ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေး အောက်လွှတ်တော်ကော်မတီ ဥက္ကဌထံ တင်ပြတောင်းဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါကော်မတီ၏ ဥက္ကဌဖြစ်သလို အတိုက်အခံ ပြည်သူ့ပါတီဝင် လွှတ်တော်အမတ် ရန်စီမန်ရုန်းထံသို့ ကွန်ရက်ကိုယ်စားလှယ် ပို့တို့ကီက တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ကိုးခုတွင် မြန်မာဒုက္ခသည် တစ်သိန်းထက်မနည်း နေထိုင်နေကြသည်ဟု ပို့တို့ကီက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရန်ပုံငွေထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်သည့်နောက်တွင် အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) အနေဖြင့်လည်း အဆိုပါဒုက္ခသည်များကို ကူညီပေးရေး၌ စိန်ခေါ်မှုများ ကြုံလာနေရသည်ဟု သူကပြောသည်။
ဒုက္ခသည်များအတွက် အကူအညီများပေးရာ၌ အဓိကကျသည့် အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်သော Border Consortium နှင့် IRC တို့သည် အလှူရှင် နည်းပါးလာသည့်အတွက် ယခုလကုန်ကို နောက်ဆုံးထားပြီး ဒုက္ခသည်အကူအညီများ ရပ်ဆိုင်းရန် ထုတ်ပြန်ကြေညာထားသည်။
စခန်းများရှိ ဒုက္ခသည်အများအပြားမှာ တခြားနေရာများ၌ အခြေချရန် ပြောင်းရွှေ့သွားကြပြီ ဖြစ်သော်လည်း လက်ကျန်ဒုက္ခသည်များထဲမှ အများစုမှာ ထိုင်းတွင် မွေးဖွားကြီးပြင်းခဲ့ကြသူများ ဖြစ်သည်။
၎င်းတို့အတွက် စာနာမှုအကူအညီ ပေးအပ်မှုများ မရပ်တန့်မီ ထိုင်းလွှတ်တော်က သူတို့ကို တရားဝင် အလုပ်သမားများအဖြစ် အသိအမှတ်ပြုပေးရန် ထိုင်းအရပ်ဘက်ကွန်ရက်က တောင်းဆိုထားကြောင်း ဘန်ကောက်စ်ပို့သတင်းက ဖော်ပြသည်။
ထို့အပြင် ဒုက္ခသည်များအတွက် ထိုင်းဘာသာစကား သင်တန်းများ ပေးရန်၊ အလုပ်လျှောက်ရာ၌ ကူညီပေးရန်၊ ဒုက္ခသည်စခန်းမှနေ၍ အကန့်အသတ် ဧရိယာတစ်ခုအတွင်း ခရီးတို သွားလာခွင့်ပြုရန် စသည့်အချက်များကိုလည်း အဆိုပါ အရပ်ဘက်ကွန်ရက်က အကြံပြုထားသည်။
စာနာမှုအကူအညီပေးရေး အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများ ရပ်ဆိုင်းခြင်းက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များအပေါ် မည်သို့ သက်ရောက်နိုင်သည်နှင့် ပတ်သက်ပြီး ထိုင်း အောက်လွှတ်တော် ကော်မတီသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ တက်ရောက်ခဲ့ကြသည်။