- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာစစ်တပ်၏ အတိုက်အခံများနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှား တိုက်တွန်း
မလေးရှားနိုင်ငံအနေဖြင့် လိပ်ခဲတည်းလည်းဖြစ်နေသည့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရှင်းလင်းပြတ်သားသည့် အဖြေတစ်ရပ် လိုလားပြီး အာဆီယံနိုင်ငံများကိုလည်း မြန်မာစစ်တပ်၏ အတိုက်အခံများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် တိုက်တွန်းလှုံ့ဆော်လျက်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
12 Aug 2022

DMG ၊ ဩဂုတ် ၁၂

အာဆီယံနိုင်ငံများသည် မြန်မာပြည်သူလူထုကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အကူအညီများပေးရန် အထူးလိုအပ်နေပြီး အာဏာသိမ်းမှုနောက်ပိုင်း ဖွဲ့စည်းခဲ့ကြသည့် အတိုက်အခံအုပ်စုများနှင့် ထိတွေ့ဆက်ဆံရန်လည်း လိုအပ်သည်ဟု ထိုင်းနိုင်ငံသို့ အလည်ရောက်ရှိစဉ် ဆိုင်ဖူဒင်က ပြောကြားသည်။
“အခုက တစ်ဖက်တည်းဖြစ်နေတယ်။ ကျွန်တော်တို့ဟာ စစ်ကောင်စီနဲ့ပဲ ဆက်ဆံနေကြတယ်” ဟု သူက သတင်းထောက်များကို ပြောကြားသည်။
အာဆီယံအထူးသံတမန်သည်လည်း ယခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရာထူးသက်တမ်းကို တစ်နှစ်ထက်ပိုတိုးသင့်သည်ဟု ဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားသည်။
အာဆီယံဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကူအညီပေးနိုင်ရန်အတွက် တတိယနိုင်ငံတစ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု ယူကောင်းယူရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ပြီးခဲ့သည့် သီတင်းပတ်တွင် ဆွေးနွေးခဲ့ကြသည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့သည်။