- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
မြန်မာမှ အင်အားစုများအားလုံးနှင့် တွေ့ဆုံသွားရန် အာဆီယံသဘောတူ
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် တွေ့ဆုံသွားရန် အာဆီယံခေါင်းဆောင်များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သဘောတူခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
12 Nov 2022

ဓာတ်ပုံ - AFP
DMG ၊ နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် တွေ့ဆုံသွားရန် အာဆီယံခေါင်းဆောင်များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သဘောတူခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဤသဘောတူညီချက်အရဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်ပါ တွေ့ဆုံမှုများ ပြုလုပ်သွားဖွယ်ရှိသည်ဟုလည်း သတင်းတွင်ဖော်ပြသည်။
မြန်မာစစ်ကောင်စီဘက်ကမူ အာဆီယံ၏ ယခုသဘောတူညီချက်အပေါ် ရှုတ်ချစာထုတ်ပြန်ခဲ့သည်။
တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် မည်သည့်ပုံစံမျိုးနှင့်မဆို အာဆီယံဘက်က ကြိုးပမ်းမှုများကို မြန်မာအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘရူနိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးက သောကြာနေ့တွင် မြန်မာနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ်ကို တိုးတက်အောင် မဆောင်ရွက်ပါက နောက်လာမည့် အာဆီယံအစည်းအဝေးများတွင်လည်း တက်ရောက်ခွင့် တားမြစ်ခံရဖွယ်ရှိသည်ဟု သတိပေးထားသည်။
ဘုံသဘောတူညီချက် ငါးရပ်နှင့် ပတ်သက်၍လည်း အချိန်တစ်ခု သတ်မှတ်ကာ လက်တွေ့ကျကျ တိုင်းတာဆုံးဖြတ်ရန် လိုအပ်သည်ဟု အာဆီယံခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
မြန်မာသည် ပြီးခဲ့သောနှစ်တည်းက အာဆီယံအစည်းအဝေးများသို့ တက်ခွင့်မရှိပေ။ ယခုကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာနေရာ၌ ထိုင်ခုံနေရာအလွတ် ချထားသည်ကို တွေ့ရသည်။