- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရခိုင်ပြည် ပြန်လည်ထူထောင်ရေးတွင် ဌာနဆိုင်ရာ ဝန်ထမ်းအင်အားများဖြည့်တင်း
ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ကျန်းမာရေးလုပ်သား ဝန်ထမ်းအဟောင်းများနှင့် ဝန်ထမ်းအသစ်များကို လျောက်လွာခေါ်ယူနေကြောင်း ရခိုင်ပြည်ကျန်းမာရေး အသိုင်းဝိုင်းမှတစ်ဆင့် သိရသည်။
03 May 2025

DMG ၊ မတ် ၃
ရခိုင်ပြည် နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် AA သည် လက်ရှိတွင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ တစ်ရပ်ထူထောင်ပြီး အုပ်ချုပ်ရေးယန္တရား ခိုင်မာစေရန်နှင့် ဌာနဆိုင်ရာလုပ်ငန်းများကို အင်တိုက်အားတိုက် အကောင်ထည်ဖော်နေသည်။
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်တွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်၊ အခွန်၊ မီးသတ်စသည့် ဌာနများတွင် ဝန်ထမ်းများ ဆက်တိုက်ခေါ်ယူနေခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ကျန်းမာရေးလုပ်သား ဝန်ထမ်းအဟောင်းများနှင့် ဝန်ထမ်းအသစ်များကို လျောက်လွာခေါ်ယူနေကြောင်း ရခိုင်ပြည်ကျန်းမာရေး အသိုင်းဝိုင်းမှတစ်ဆင့် သိရသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှာ အရင်က ကျန်းမာရေး ဝန်ထမ်းအဟောင်းတွေကို အမြဲတမ်းဝန်ထမ်းခန့်ဖို့အတွက် လျှောက်လွှာတွေ ခေါ်ယူနေတာ ရှိတယ်။ နောက်လူငယ်တွေကိုလည်း ကျန်းမာရေ ကြီးကြပ် (၂) အဖြစ် သင်တန်းသား ခေါ်ယူနေတာရှိတယ်။ သူတို့ကတော့ ၈ လသက်တမ်း သင်တန်းတက်ရောက်ပြီးနောက် ကျန်းမာရေး ဌာနကတာဝန်ချပေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်တယ် ” ဟု ပြောသည်။
လက်ရှိ ကျန်းမာရေးဌာန ကြီးကြပ် (၂) ရာထူးအတွက်ခေါ်ယူရာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား လူငယ်များ လျှောက်ထားနိုင်ကြောင်းသိရသည်။
ယင်းအပြင် အခြားဌာနဆိုင်ရာများဖြစ်သည့် ပညာရေး၊ အခွန်၊ စည်ပင်၊ ရဲ ဌာနတို့မှာလည်း ဝန်ထမ်းဟောင်းများနှင့် ဝန်ထမ်းသစ်လူငယ်များကို တာဝန်ထမ်းဆောင်ရန် ခေါ်နေကြောင်းသိရသည်။
ပြီးခဲ့သည့် လကလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးကို စနစ်တကျလည်ပတ်နိုင်ရန်အတွက် အာရက္ခ ပညာရေးဌာနမှ ဆရာ/ဆရာမ အဟောင်းများ၊ ဝန်ထမ်းများကို ခေါ်ထားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကနေ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပုံမှန်ပြန်ဖွင့် နိုင်ရန်အတွက် စီစဉ်ခြင်းဖြစ်ကြောင်းကို ပညာရေးအသိုင်းအဝိုင်းက ပြောကြသည်။
ယင်းသို့ ရခိုင်ပြည်တွင် ကျန်းမာရေးဌာနအပါဝင် ဌာနဆိုင်ရာများတွင် ဝန်ထမ်းများခေါ်ယူနေခြင်းမှာ အစိုးရတစ်ရပ်အနေနှင့် ပုံမှန်လည်ပတ်နိုင်ရန် အားယူနေခြင်းဖြစ်သည်ဟုလည်း ရခိုင်နိုင်ငံရေး အကဲခတ်သူတို့က ရှုမြင်ကြသည်။
“AA က သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို သူတို့ရဲ့ ဌာနအလိုက် ခေါ်ယူနေတာတွေ တွေ့ရတယ်။ အရင်တုန်းကလည်း ပညာရေးဝန်ထမ်းတွေကို ခေါ်ယူတာတွေ့ရသလို အခုလည်း ကျန်းမာရေး ဝန်ထမ်းတွေ ခေါ်နေတယ်လို့ သိထားရတယ်။ ဒီဟာတွေက သူတို့သိမ်းထားတဲ့ နေရာမှာ ပုံမှန်အစိုးရ တစ်ရပ်အနေနဲ့ လည်ပတ်နိုင်ဖို့အတွက် အားယူတာလို့မြင်တယ်။ ဒီဟာက သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့လိုချင်တဲ့ ရခိုင်ပြည် တည်ဆောက်ရေးမှာ လုပ်သင့်တာကို လုပ်တာလို့ မြင်တယ်” ဟု ရခိုင်ပြည်အရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ယင်းမြို့နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် ရခိုင်ပြည်ကို ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးစား နေပြီး နောက်တစ်ဖက်မှာလည်း စစ်တွေနှင့်ကျောက်ဖြူမြို့နယ်များမှာ တိုက်ပွဲများ ရှိနေကြောင်းသိရသည်။