- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
ရုရှားစစ်အုပ်စု ဝဂ္ဂနာအား အမေရိကန်အစိုးရက နိုင်ငံတကာရာဇဝတ် အဖွဲ့အစည်းအဖြစ် သတ်မှတ်
ယူကရိန်းတွင် ရုရှားအတွက် စစ်တိုက်ပေးနေသည့် ဝဂ္ဂနာအုပ်စုအား နိုင်ငံတကာရာဇဝတ် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်သည်။
21 Jan 2023

ဓာတ်ပုံ - Nova News
ယူကရိန်းတွင် ရုရှားအတွက် စစ်တိုက်ပေးနေသည့် ဝဂ္ဂနာအုပ်စုအား နိုင်ငံတကာရာဇဝတ် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း အမေရိကန်အစိုးရက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကြေညာလိုက်သည်။
သမ္မတဗလာဒီမာပူတင်နှင့် နီးစပ်သူ စီးပွားရေးသမား Yevgeny Prigozhin ထိန်းချုပ်ထားသော ဝဂ္ဂနာအုပ်စုမှ တိုက်ခိုက်ရေးသမား ၅ သောင်းခန့်သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းခန့်မှာ အကျဉ်းထောင်များမှ ခေါ်ထုတ်လာခြင်းဖြစ်သည်ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက ပြောကြားသည်။
အမေရိကန် ဘဏ္ဍာရေးဌာနသည် ရုရှား၏ ဝဂ္ဂနာစစ်အုပ်စုအား အီတလီမာဖီးယားဂိုဏ်းများ၊ ဂျပန်နှင့် ရုရှားရှိ ရာဇဝတ်ဂိုဏ်းများနှင့်အတူ တစ်တန်းတည်းထားကာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ပြီဟု သူကပြောသည်။
ဝဂ္ဂနာအုပ်စု၏ ယူကရိန်းစစ်ဆင်ရေးအတွက် မြောက်ကိုရီးယားက လက်နက်များ ထောက်ပံ့နေသည့် ဓာတ်ပုံများကိုလည်း ကာဘီက ပြသခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးက ရရှိထားသည်ကို ကာဘီက ပြသခဲ့သည့် အဆိုပါဓာတ်ပုံများ၌ ရုရှားကုန်တင်ယာဉ်တွဲများသည် မြောက်ကိုရီးယားသို့ ဝင်ရောက်လာပြီး လက်နက်ခဲယမ်းများနှင့် ဒုံးကျည်များ သယ်ယူကာ ရုရှားဘက်သို့ ပြန်ဝင်သွားသည်ကို ပြသလျက်ရှိသည်ဟု ကာဘီက ပြောကြားသည်။
ဝဂ္ဂနာ၏ ပုဂ္ဂလိကပိုင်စစ်တပ်သည် ရုရှားစစ်တပ်၏ ပြိုင်ဘက်သဖွယ် ဖြစ်လာနေပြီဟု ကာဘီက ပြောသည်။ ယူကရိန်းတွင် ဝဂ္ဂနာအုပ်စု၏ အထိုက်အလျောက် အောင်မြင်မှုများကြောင့် ကရင်မလင်၌ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်းလည်း ကာဘီ၏ ပြောကြားချက်အရ သိရသည်။
ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ချက်အရ ကြေးစားစစ်ဆင်ရေးများ၊ အာဖရိကရှိ စီးပွားရေးလုပ်ငန်းများ အပါအဝင် ဝဂ္ဂနာအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်များကို ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။