- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ယခုသီတင်းပတ်အတွင်း လူငယ် ၁ ဒသမ ၄ သန်း စစ်တပ်ထဲကို ရောက်ရှိလာကြောင်း မြောက်ကိုရီးယားဆို
ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာနေသည့်အချိန်တွင် နှစ်ရက်အတွင်း လူငယ်တစ်သန်းကျော်ကို ကိုရီးယားပြည်သူ့တပ်မတော်၌ စစ်မှုထမ်းရန် ရောက်လာကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ခြင်းဖြစ်သည်။
17 Oct 2024

DMG ၊ အောက်တိုဘာ ၁၇
ကျောင်းသားများနှင့် လူငယ်သမဂ္ဂ တာဝန်ရှိသူများ အပါအဝင် လူငယ် ၁.၄ သန်းခန့်သည် ယခုသီတင်းပတ် အတွင်း၌ စစ်တပ်ထဲသို့ ဝင်ရောက် (သို့မဟုတ်) ပြန်လည်ရောက်ရှိလာသည်ဟု မြောက်ကိုးရီးယားနိုင်ငံပိုင် မီဒီယာက (အောက်တိုဘာ ၁၆ ရက်)တွင် ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လူငယ်များသည် ရန်သူကို ဖျက်ဆီးသည့် မြင့်မြတ်သောစစ်ပွဲတွင် တော်လှန်ရေးလက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း KCNA သတင်းက ဆိုသည်။
ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာနေသည့်အချိန်တွင် နှစ်ရက်အတွင်း လူငယ်တစ်သန်းကျော်ကို ကိုရီးယားပြည်သူ့တပ်မတော်၌ စစ်မှုထမ်းရန် ရောက်လာကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်၌လည်း မြောက်ကိုရီးယားမီဒီယာက အမေရိကန်ကို တိုက်ထုတ်ရန်အတွက် စစ်မှုထမ်းရန် နိုင်ငံသားတစ်သန်းကျော် စေတနာ့ဝန်ထမ်းအဖြစ် ရောက်ရှိလာကြောင်း ပြောခဲ့ဖူးသည်။
ကိုရီးယားနှစ်နိုင်ငံအကြားရှိ ခိုင်မာသောနယ်စပ်မျဉ်း၏ တစ်ဖက်ခြမ်းရှိ လမ်းများနှင့် ရထားလမ်းများကို မြောက်ကိုရီးယားက အင်္ဂါနေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ယင်းလုပ်ရပ်အတွက် တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်ခဲ့သည်။
ပြုံးယမ်းက ဆိုးလ်ကို မြောက်ကိုရီးယားမြို့တော်ဆီသို့ မောင်းသူမဲ့လေယာဉ်များ စေလွှတ်ခဲ့သည်ဟု စွပ်စွဲထားပြီး ကိုရီးယားနှစ်နိုင်ငံအကြားတွင် မြောက်ကိုရီးယားဘက်က အမှိုက်ကြဲချသည့် အမှိုက်ပူဖောင်းများကို စေလွှတ်မှုဖြင့်လည်း မေလကတည်းက ထိပ်တိုက်တွေ့နေခဲ့သည်။