ရခိုင်ပြည်အတွင်း Stay at Home ရက်သတ္တပတ် ၂ ပတ်သတ်မှတ်ကြောင်း ULA ထုတ်ပြန်

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါ ဆက်လက်မပြန့်ပွားနိုင်ရန်အတွက် အပြင်သို့မသွားဘဲ မိမိနေအိမ်တွင်နေထိုင် ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာ သတ်မှတ် လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

20 Jul 2021

DMG ၊ ဇူလိုင် ၂၀

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါ ဆက်လက်မပြန့်ပွားနိုင်ရန်အတွက် အပြင်သို့မသွားဘဲ မိမိနေအိမ်တွင်နေထိုင် ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာ သတ်မှတ် လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Stay at Home နှစ်ပတ်တာကာလအတွင်း စားဝတ်နေရေးခက်ခဲသော ပြည်သူလူထုအတွက် ဝိုင်းဝန်းဖြေရှင်း ပေးကြရန်လည်း ULA က တိုက်တွန်းထားသည်။

ထုတ်ပြန်ချက်ပါစည်းကမ်းချက်များကို ရခိုင်ဒေသပြည်သူလူထုတစ်ရပ်လုံး တိတိကျကျ လိုက်နာကြရန်နှင့် မလိုက်နာသူများကို COVID စည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်ချက်ကဆိုသည်။

Stay at Home ထုတ်ပြန်ထားသည့် ၂ ပတ်တာကာလအတွင်း COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း၊ သေဆုံးနှုန်းအပေါ်မူတည်၍ လိုအပ်လျှင် ထပ်မံထုတ်ပြန်ထားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ