ဘူးသီးတောင်မြို့နယ်တွင် ကျည်ထိမှန်မှုကြောင့် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာ အနောက်ဖက်တောင်တန်း၌ ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်အချိန်ခန့်က ပစ်ခတ်မူများဖြစ်ပွားခဲ့ပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ခမီချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

By ချလူးအောင် 24 Apr 2020

ချလူးအောင် | DMG
ဧပြီ ၂၄ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာ အနောက်ဖက်တောင်တန်း၌ ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်အချိန်ခန့်က ပစ်ခတ်မူများဖြစ်ပွားခဲ့ပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ခမီချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

အသက် (၅)နှစ်အရွယ် မနုနုခိုင်မှာ မိမိနေအိမ်တွင် ထိုင်နေစဉ် ဝမ်းဗိုက်ကို ကျည်ထိမှန်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒီနေ့ နေလယ် ၁ နာရီလောက်မှာ အုတ်တောင်နဲ့ ခမီချောင်း ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်ကြတယ်။ ကျည်က ဝမ်းဗိုက်ကိုရှပ်မှန်သွားတယ်။ နည်းနည်းလေးပါ ဘယ်ဖက်ကပစ်တာလဲတော့ ဘယ်သိပါမလဲ။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်နေကြတာ။ နေ့လယ် ၂ နာရီလောက်မှာရပ်သွားတယ်” ဟု ဦးဝင်းမောင်က ဆိုသည်။

အဆိုပါကျေးရွာ စာသင်ကျောင်းကို ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း လက်နက်ကြီးကျည် ကျရောက်သဖြင့် မူလတန်းကျောင်းသား(၂၁)ဦး ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး အရပ်သား ထိခိုက်သေဆုံးမှု တဖြည်းဖြည်းမြင့်တက်လာနေသည်။

ဗီဒီယိုများ