ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းကို AA ပြန်လွှတ်ပေး

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းတို့ကို ယနေ့(ဇူလိုင်လ ၂၃ ရက်)တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြား၌ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရက္ခိုင်တပ်တော်(AA)မှ ထုတ်ပြန်သည်။

23 Jul 2022

ဓာတ်ပုံ - AA

DMG ၊ ဇူလိုင် ၂၃

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းတို့ကို ယနေ့(ဇူလိုင်လ ၂၃ ရက်)တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြား၌ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရက္ခိုင်တပ်တော်(AA)မှ ထုတ်ပြန်သည်။

ပြီးခဲ့သည့်ဇူလိုင်လ ၁၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေ (၅၃)နှစ်နှင့် ယာဉ်မောင်းဖြစ်သူ မောင်ကျော်နိုင် (၃၀)နှစ်တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့သို့အလာတွင် ရက္ခိုင်တပ်တော် (AA)က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်း ရပ်ရွာတွေကို ဝင်ရောက်ပြီးတော့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ULA/AA နဲ့ ပတ်သက်တယ်ဟုစွပ်စွဲကာ ဖမ်းဆီးခြင်းတွေ၊ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ထောင်ချခြင်းတွေကို ပြုလုပ်နေပါတယ်။ အဲဒါကြောင့် AA အနေနဲ့လည်း အခြေအနေတွေရဲ့လိုအပ်ချက်တွေအရ သူတို့ကို စစ်ရေးနဲ့ပတ်သက်မှုရှိ၊မရှိ ခေါ်ယူစစ်ဆေးမေးမြန်းရခြင်းဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ULA/AA အနေနဲ့ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော စစ်ကောင်စီတပ်၏ လက်အောက်ခံဝန်ထမ်းများကို အခြေအနေ၏ လိုအပ်ချက်အရ ခေါ်ယူစစ်ဆေးမေးမြန်းများပြုလုပ်ခဲ့သော်လည်း စစ်ဖက်ဆိုင်ရာနှင့် မသက်ဆိုင်ကြောင်းတွေ့ရ၍ ၎င်းတို့နှစ်ဦးကို ကောင်းကောင်းမွန်မွန်ပြန်လွှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ