ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်း NUG မှ ဆုမွန်ကောင်းတောင်း

ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA)ထူထောင်ခြင်း (၁၃)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား အောင်မြင်ပါစေကြောင်းနှင့် ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ဆုမွန်ကောင်းတောင်းလိုက်ခြင်းဖြစ်သည်။

10 Apr 2022

DMG ၊ ဧပြီ ၁၀

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးခန့်နှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာတွင်စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ၁၃ နှစ်ရှိခဲ့ပြီလည်းဖြစ်သည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ရခိုင်ပြည်သူလူထုကိုဦးဆောင်ပြီး တော်လှန်ရေးတိုက်ပွဲများဆင်နွဲနိုင်ရန်အတွက် ထူထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်ပြည့်အခမ်းအနားသို့ ဂုဏ်ပြုအသိအမှတ်ပြုကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထားသည်။

ယနေ့ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်သည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကို ယာယီဌာနချုပ်အပါအဝင် တပ်တော်အခြေစိုက်သည့်နေရာများ၌ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကျင်းပရန်လုပ်ဆောင်နေသည်ဟု ဧပြီ ၅ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောဆိုထားသည်။

ဗီဒီယိုများ