ရေငုတ်သင်္ဘောကို စစ်ကောင်စီက ထုတ်ပြနေခြင်းမှာ AA ကို မီးကုန်ယမ်းကုန်တိုက်ခိုက်ရန်အတွက်ဟုဆို

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ လက်နက်အင်အားတိုးချဲ့နေခြင်းမှာ တိုက်ပွဲဖြစ်လာလျှင် မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ယနေ့(ဇွန်လ ၁၄) ရက်နေ့တွင် ပြုလုပ်သည့် တတိယ အကြိမ်မြောက် Online မှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် ULA / AA မှ ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောကြားလိုက်သည်။

14 Jun 2022

DMG ၊ ဇွန် ၁၄

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ လက်နက်အင်အားတိုးချဲ့နေခြင်းမှာ တိုက်ပွဲဖြစ်လာလျှင် မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ယနေ့(ဇွန်လ ၁၄) ရက်နေ့တွင် ပြုလုပ်သည့် တတိယ အကြိမ်မြောက် Online မှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် ULA / AA မှ ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောကြားလိုက်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က လက်နက်ကြီးများကို နေရာချထားမူများ၊ ပြောင်းရွေ့ခြင်းများရှိနေ ပြီး ရေငုတ်သင်္ဘောများကိုပါ ထုတ်ပြနေခြင်းများရှိသည်ဟု ဦးခိုင်သုခပြောသည်။

“သူတို့ရဲ့ အားသာချက်ကလည်း လက်နက်တွေကို အားဖြည့်ပြီးတော့ စစ်တိုက်နေတာဖြစ်တယ်။ အဲဒါတွေဟာ သူတို့ရဲဘော်တွေကို စိတ်ဓာတ်ခွန်အားတွေပေးဖို့ လုပ်ဆောင်နေတာဖြစ်တယ်။ ဆိုတော့ ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ် တဲ့အတွက် ရေငုတ်သင်္ဘောတွေကိုပါ ထုတ်ပြလာတာကိုးတွေ့ရတယ်။ ပြောရမယ်ဆိုရင် မြန်မာစစ်တပ်ဖက်က ရေငုတ်သင်္ဘောထုတ်ပြလာတာတွေကိုကြည့်ရင် တစ်ခုခုဖြစ်လာရင် ရှိသမျှအင်အားနဲ့ မီးကုန်ယမ်းကုန်တိုက်ဖို့ ဆိုတဲ့လက္ခာမျိုးကို ဖော်ပြနေတယ်လို့မြင်တယ်” ဟု သူကဆိုသည်။

မြန်မာစစ်တပ်က ပြည်သူ့များ၏ လွတ်လပ်စွာသွားလာခြင်း နဲ့ လွတ်လပ်စွာကုန်သွယ်ရေးရောင်းဝယ်မူကို ပိတ်ပင်ထားပြီး ရန်လိုမူများ ရှေ့တိုးလာလျှင် အခုထက်ပိုဆိုးသည့် ဆက်ဆံရေးအခြေအနေမျိုး ရောက်ရှိနိုင်ကြောင်း ဦးခိုင်သုခ ဆက်ပြောသည်။

“စစ်အင်အားတိုးချဲ့ချထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ ဖြေကြားရမယ့်ဆိုရင် အတိုင်းအတာအရ စစ်အင်အားတိုးချဲ့ထားတာဟာ နေရာတိုင်းမှာရှိပါတယ်။ လက်နက်ကြီးတွေ၊ ကျည်တွေကို သူတို့(စစ်ကောင်စီ) နေရာချထားတာတွေ၊ ပြောင်းရွေ့တာတွေ လုပ်နေတာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေ ငုတ်သင်္ဘောတစ်စီးတွေ့ရှိရကြောင်းသိရသည်။

“ အဲဒီသံဇစ်မြစ်အတွင်းမှာ ရေငုတ်သင်္ဘောတစ်စီးတွေ့တယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်ပါ။ စက်လှေသွား မယ်ဆိုရင် ၁၅ မိနစ်လောက်သွားရတယ်။ ရောက်တာကတော့ ၂ ပတ်လောက်ရှိပြီ။ ဘာဖြစ်လို့လာတဲ့ဆိုတာ တော့မသိဘူး” ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က ပြောသည်။

လက်ရှိတွင် မြန်မာစစ်တပ်မှ စစ်ဆေးဂိတ်များတွင် လမ်းသွား၊ လမ်းလာများကို စစ်ဆေးမူများရှိနေပြီး လက်နက်အင်အားများတိုးချဲ့မူများရှိနေသည်။

ဗီဒီယိုများ