မြောက်ဦးတိမ်ညိုရွာအနီး တပ်မတော်ထောက်ပို့စခန်းကို သိမ်းပိုက်ရရှိဟု AA ထုတ်ပြန်

“မြောက်ဦးမြို့နယ် တိမ်ညိုရွာ နားမှာရှိတဲ့ ဗမာစစ်တပ်ရဲ့ ယာယီထောက်ပို့ စခန်းကို ကျွန်တော်တို့ တပ်ဖွဲ့တွေက ဝိုင်းဝန်းဝင်ရောက်တဲ့အခါ  အဲဒီမှာ အစောင့်ရှိနေတဲ့ ဗမာစစ်တပ်တွေကတော့ တပ်ဆုပ် ထွက်ပြေးလွတ်မြောက်သွားတာပေါ့။ ကျွန်တော်တို့ တက်ရောက်ရှင်းလင်းတဲ့ အခါမှာတော့ ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်”

18 Oct 2019



ခိုင်ရိုးလ | DMG

စက်တင်ဘာ ၁၈၊ စစ်တွေ

မြောက်ဦးမြို့နယ်၊တိမ်ညိုကျေးရွာအနီးရှိ တပ်မတော်ထောက်ပို့စခန်းတစ်ခုအား အောက်တိုဘာလ ၁၇ ရက်နေ့ က သိမ်းပိုက်ရရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်လိုက်သည်။

ယင်းစခန်းက လက်နက်ခဲယမ်း၊ စစ်အသုံးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ရိက္ခာများကိုသိမ်းဆည်းရမိခဲ့သည် ဟုလည်း AA ဘက်ကဆိုသည်။

“မြောက်ဦးမြို့နယ် တိမ်ညိုရွာ နားမှာရှိတဲ့ ဗမာစစ်တပ်ရဲ့ ယာယီထောက်ပို့ စခန်းကို ကျွန်တော်တို့ တပ်ဖွဲ့တွေက ဝိုင်းဝန်းဝင်ရောက်တဲ့အခါ  အဲဒီမှာ အစောင့်ရှိနေတဲ့ ဗမာစစ်တပ်တွေကတော့ တပ်ဆုပ် ထွက်ပြေးလွတ်မြောက်သွားတာပေါ့။ ကျွန်တော်တို့ တက်ရောက်ရှင်းလင်းတဲ့ အခါမှာတော့ ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောသည်။

သို့သော် ထိုသို့ AA ဘက်က ထုတ်ပြန်ချက်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုသည်။

“အဲဒါက သတင်းအမှားပါ။ မဟုတ်ပါဘူး။ AA သူ့ဟာသူလျှောက်ပြောနေတာ ”ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် အောက်တိုဘာလ (၁၇)ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ အောင် မကျော်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ