စစ်တွေလေဆိပ်မှာ မှတ်ပုံတင်အတုကိုင်ဆောင်သူ ဘင်္ဂလီအမျိုးသမီး (၃) ဦးဖမ်းမိ

စစ်တွေမှ ရန်ကုန်သို့ FMI လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာနှင့် ဒါးပိုင်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုကိုင်ဆောင်သူ ဘင်္ဂလီအမျိုးသမီး (၃) ဦးကို မေလ ၂၇ ရက်နေ့ နေ့လည်တစ်နာရီ မိနစ်လေးဆယ်တွင် ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

28 May 2017

(မေလ ၂၇ ရက်နေ့က စစ်တွေလေဆိပ်မှာ ဖမ်းဆီးရမိသော ဘင်္ဂလီအမျိုးသမီး (၃) ဦးအားတွေ့ရစဉ်။ ဓါတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး)

မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။    ။   စစ်တွေမှ ရန်ကုန်သို့ FMI လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာနှင့် ဒါးပိုင်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုကိုင်ဆောင်သူ ဘင်္ဂလီအမျိုးသမီး (၃) ဦးကို မေလ ၂၇ ရက်နေ့ နေ့လည်တစ်နာရီ မိနစ်လေးဆယ်တွင် ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသော ဘင်္ဂလီအမျိုးသမီးများမှာ သက္ကေပြင်ကျေးရွာနေ မရီဟာနာဘေဂွန် (၁၈) နှစ် အစ္စလာမ် (ဖ) ဦးအဒူဆလာမ်၊ မခင်မေ (ခ) ရေဇူဝမ် (၁၈)နှစ် အစ္စလာမ် (ဖ) မောင်လှ (ခ) အဒူဆူလမ်နှင့် ဒါးပိုင်ကျေးရွာနေ မကျော့ယဉ် (ခ) နူနာဟာရ် (၂၆)နှစ် အစ္စလာမ် (ဖ) မောင်စိန် (ခ) အာမီတူဆင်း တို့ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ကောင်တာ၌ နိုင်ငံသား စိစစ်ရေးကတ်အတု ကိုင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်များအရ မရီဟာနာဘေဂွန်အား သက္ကယ်ပြင်ကျေးရွာနေ အာယု (စိစစ်ဆဲ)မှ ကျပ် (၂၅) သိန်းဖြင့် လည်းကောင်း၊ မခင်မေအား ကျောက်ဖြူမြို့နယ်နေ အမည်မသိလူ တစ်ဦးမှ လည်းကောင်း၊ မကျော့ယဉ်အား သက္ကယ်ပြင်ကျေးရွာနေ ကိုရ်ဘာအာလီ (စိစစ်ဆဲ)မှ ကျပ် (၂၇)သိန်းဖြင့် လည်းကောင်း မှတ်ပုံတင်ကတ်အတုများ ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ (၃) ဦးသည် အာယုနှင့် ကိုရ်ဘာအာလီတို့ (၂)ဦးက ငှားပေးသည့် ဆိုင်ကယ် ကယ်ရီ(၃)စီး (စိစစ်ဆဲ)ဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မရီဟာနာဘေဂွန်ပါ မ(၃)ဦး (ဖမ်းမိ)အား စစ်တွေမြို့မ ရဲစခန်းမှ (လိမ်လည်မှု/စာရွက်စာတမ်းအတု) ပြုလုပ်မှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ဆိုသည်။

ဗီဒီယိုများ