ဖက်ဒရယ်စနစ်နှင့် ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီမှ ရန်ကုန်တွင်ပြုလုပ်

မေလ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ရန်ကုန် (DMG)။     ။ ဖက်ဒရယ်စနစ်နှင့် ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ  Hotel Grand United မှာ ရခိုင်အမျိုးသားပါတီက ကျင်းပပြုလုပ်နေကြောင်း သတင်းရရှိသည်။  

06 May 2017

ဖက်ဒရယ်စနစ်နှင့် ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်တွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - ကောင်းကောင်း/DMG)

မေလ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ရန်ကုန် (DMG)။     ။ ဖက်ဒရယ်စနစ်နှင့် ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ  Hotel Grand United မှာ ရခိုင်အမျိုးသားပါတီက ကျင်းပပြုလုပ်နေကြောင်း သတင်းရရှိသည်။  

 ထိုပွဲကို အဓိကဦးဆောင်စီစဉ်သူ ရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက အဓိကတော့ ဖယ်ဒရယ်လို့ပြောတဲ့အချိန် ငြိမ်းချမ်းရေးစလာတဲ့ နောက်ပိုင်းတစ်နိုင်ငံလုံးမှာ ဆွေးနွေးပွဲတွေလုပ်လာတာရှိပါတယ်။ အလားတူပဲပါတီအနေနဲ့ရော၊ အဖွဲ့အစည်းအနေနဲ့ပါ လုပ်လာကြတာ ရှိပါတယ်။ ကျွန်တော်တို့ပါတီတွင်းမှာ ဖယ်ဒရယ်သွားမယ်ဆိုလို့ရှိရင် နိုင်ငံမှာရှိတဲ့ ပါတီတွေသာမကပဲနဲ့ နိုင်ငံရဲ့အစိုးရပိုင်းမှာပါနေတဲ့ အဖွဲ့အစည်းတွေလည်း ဖယ်ဒရယ်အကြောင်းကို တစ်စုံတစ်ရာသိဖို့ လိုအပ်ပါတယ်။ ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ လုပ်နေကြတာဖြစ်တာကြောင်းမို့လို့ ဖယ်ဒရယ်တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသိဉာဏ်ကိုဖွင့်ပေးတဲ့နေရာမှာ တစ်စုံတစ်ရာအထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ ဟု ဆိုသည်။

အဆိုပါ အလုပ်ရုံးဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်၊ ပလက်ဝမြို့နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ရခိုင်အမျိုးသားပါတီဝင် ၅၀ ကျော်တက်ရောက်ဆွေးနွေးနေကြရာ အမျိုးသမီး ၆ ဦးပါဝင်ကြောင်းလည်း သိရသည်။

ဖယ်ဒရယ်စနစ်ကတော့ မိသားစုတစ်ခုလို့ပေါ့။ မတူကွဲပြားတဲ့ လူမျိုးတွေအများကြီးနဲ့နေထိုင်တဲ့ တိုင်းပြည်မှာဆိုလို့ရှိရင် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ လူမျိုးစုသယံဇာတနဲ့ ပတ်သက်တဲ့ကိစ္စ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုဝေခွဲထားတဲ့ စနစ်တစ်ခုမို့လို့ ဖယ်ဒရယ်သီအိုရီပညာရှင်တွေရဲ့အဆိုအရ ဖယ်ဒရယ်စနစ် ကျင့်သုံးမယ်ဆိုလို့ရှိရင် ကွဲပြားတဲ့တိုင်းပြည် State Nation ဟာ အသင့်လျှော်ဆုံးဖြစ်တယ်။ ဖယ်ဒရယ်စနစ်ဟာ မြန်မာနိုင်ငံမှာ တစ်ရာရာခိုင်နှုန်းအပြည့်အဝမဟုတ်ဘူးပေါ့။ ဒါပေမယ့် ပဋိပက္ခကို တစ်စုံတစ်ရာလျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခုလို့မြင်ပါတယ်။ ဟု ကိုခိုင်ကျော်မိုးက ဆက်ပြောသည်။

ထိုဖယ်ဒရယ်စနစ်နှင့် ပါတီတည်ဆောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲအား ဖယ်ဒရယ်ပညာရှင်အိန္ဒိယနိုင်ငံ ဂျိန်တက္ကသ်ုလ်မှ ဒုတိယပါမောက္ခပရိုဖတ်ဆာ Srndesp Sharstr က လာရောက်သင်ကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်နေသည့် ရခိုင်အမျိုးသားပါတီမ ှဒုတိယ ဥက္ကဌ ဒေါ်အေးနုစိန်က “ ကျွန်မတို့ကတော့ အထူးသဖြင့်မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့တန်းတူရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးဖြစ်တယ်။ ဒါကြောင့်ဖယ်ဒရယ်ရဲ့ အနှစ်သာရဟာ ဘယ်လောက်ရှိလဲဆိုတာကို နိုင်ငံတကာပညာရှင်တွေဆီက သင်ယူဖို့ လေ့လာဖို့၊ ပြန်လှန်ဆွေးနွေးဖို့အရေးကြီးတဲ့အတွက် တစ်စုံတစ်ရာ အတိုင်းအတာထိ အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။ ” ဟုဆိုသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲသည် ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်များ၊ မြို့နယ်အလုပ်အမှုဆောင်များနှင့် ပါတီဝင်အများစုအား တစ်စုတစ်စည်းတည်း ပထမဆုံးပြုလုပ်ပေးသည့်အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်းလည်း သိရသည်။  

 

 

ဗီဒီယိုများ