ဘူးသီးတောင်မှာ ရာအိမ်မှူးတစ်ဦးထပ်မံအသတ်ခံရ၊ တစ်လအတွင်းနှစ်ဦးသတ်ဖြတ်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မေ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန်ခန့်က မီးကျောင်းခေါင်းဆွဲအုပ်စု ခူမီခါလီကျေးရွာမှ ဘင်္ဂလီ ရာအိမ်မှူးတစ်ဦးအား ဘင်္ဂလီ (၂၀) ခန့်မှ တုတ်၊ ဓားများဖြင့် ရိုက်နှက်ပြီး လည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ဝန်းမှ သိရသည်။

28 May 2017

(ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော ဘူးသီးတောင်မြို့နယ် ပုဇွန်ချောင်း ဘင်္ဂလီကျေးရွာ ရာအိမ်မှူး မူဇီဇူလာမှန်။ ဓါတ်ပုံ - ချလူးအောင်/DMG)

မေလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ ဘူးသီးတောင် (DMG) ။   ။  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မေ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန်ခန့်က မီးကျောင်းခေါင်းဆွဲအုပ်စု ခူမီခါလီကျေးရွာမှ ဘင်္ဂလီ ရာအိမ်မှူးတစ်ဦးအား ဘင်္ဂလီ (၂၀) ခန့်မှ တုတ်၊ ဓားများဖြင့် ရိုက်နှက်ပြီး လည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ဝန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၃ နာရီအချိန် ဘူသီးတောင်မြို့နယ် မီးကျောင်းခေါင်းဆွဲအုပ်စု ခူမီခါလီကျေးရွာနေ ရော်ကီကာဒီ ၃၃ နှစ်(ဘ) မာမောက်အီနုရ်နှင့် မီးကျောင်းခေါင်းဆွဲ ကျေးရွာနေ မာမောက်တာဟဲရ် ၃၀ နှစ် (ဘ)မာမတ်ဆွေယိဒ် (လက်ရှိရာအိမ်မှူး) တို့ သားဖနှစ်ဦးအပါအဝင် (၃) ဦး တောင်ဘဇာ နယ်မြေရဲစခန်းသို့ ကျေးရွာလုံခြုံရေးကိစ္စဆွေးနွေးရန် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ပြန်လာရာ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အင်းချောင်းကျေးရွာ တံတားအနီး တောစပ်အရောက်၌ အမည်မသိ ဘင်္ဂလီ ၂၀ ဦးခန့်မှ မာမတ်ဆွေယိဒ် (လက်ရှိရာအိမ်မှူး)အား တုတ်၊ ဓားများဖြင့် ရောက်လာကာ လည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရပ်ဝန်းမှ သိရသည်။

ဖြစ်စဉ်အား သေဆုံးသူ မာမတ်ဆွေယိဒ် (လက်ရှိရာအိမ်မှူး) ၏သား မာမတ်တာဟဲရ်နှင့် ရော်ကီကာဒီတို့ ထွက်ပြေးလွတ်မြောက်လာကာ မီးကျောင်းခေါင်းဆွဲ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ပြီး လက်ရှိတွင် တောင်ဘဇာနယ်မြေရဲစခန်းမှ သွားရောက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဘူသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ကျောင်းတောင်အုပ်စု၊ ပုဇွန်ချောင်း ဘင်္ဂလီကျေးရွာ ရာအိမ်မှူး မူဇီဇူလာမှန် (ဘ)ကာဒီဆောင်းအား လည်လှီးသတ်ဖြတ်ခဲ့ပြီး ဆယ်အိမ်မှူး နှနုရ်ဇီလန်(ဘ)ဆူဒင်အာမတ်မှာ ပြန်ပေးဆွဲမှု ခံခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းဆေးနေသော်လည်း ယခုအချိန်ထိ မဖော်ထုတ်နိုင်သေးသည့်အပြင် ထပ်မံကာရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဗီဒီယိုများ