သဘောၤကွေ့ရွာတည်၍ ဖမ်းဆီးခံရသူများကို တရားစွဲဆိုရန် အမိန့်ချမှတ်

"ကျွန်တော်တို့ အခု တရားလိုပြသက်သေ အင်ဒင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်ခေါ်သက်သေအဖြစ် အောက်တိုဘာလ(၁၆)ရက်နေ့မှာ ပြန်လည်စစ်ဆေးမယ်ဆိုတာက ကျွန်တော်တို့ တရားခံရှေ့နေတွေ အနေနဲ့ လိုအပ်တဲ့ အချက်ကို စစ်ဆေးမှာပါ။ စွဲချက်တင်တာကို အငြင်းပွားနေခြင်းမရှိပါ။ စွဲချက်တင်ထားတာကို ပြန်လည်ချေဖျက်နိုင်တယ်။ ကျွန်တော်တို့က ပြန်လည်စစ်ဆေးမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

By ခိုင်ရိုးလ 13 Oct 2018

ချလူးအောင်၊DMG

အောက်တိုဘာလ ၁၃၊စစ်တွေ

 

မောင်တောမြို့နယ်၊ သဘောၤကွေ့ကျေးရွာတည်ထောင်သူ ဦးထွန်းမြင့်နှင့် ဒေါ်ဥမ္မာကျော်တို့အား နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် မြို့နယ် တရားရုံးက အောက်တိုဘာလ (၁၀)ရက် နေ့က အမိန့်ချမှတ်လိုက်သည်။

 

အဆိုပါ အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ (၄)ဦး ကို စစ်ဆေးထားပြီး ရုံးချိန်း (၁၃) ကြိမ်ချိန်းဆို စစ်ဆေးခဲ့ပြီးနောက် တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အောက်တိုဘာလ(၁၆)ရက်နေ့တွင် အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး မည်ဟု တရားစွဲဆိုခံနေရသူများ၏ ရှေ့နေ ဦးခင်ဝင်းက ပြောသည်။

 

"ကျွန်တော်တို့ အခု တရားလိုပြသက်သေ အင်ဒင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်ခေါ်သက်သေအဖြစ် အောက်တိုဘာလ(၁၆)ရက်နေ့မှာ ပြန်လည်စစ်ဆေးမယ်ဆိုတာက ကျွန်တော်တို့ တရားခံရှေ့နေတွေ အနေနဲ့ လိုအပ်တဲ့ အချက်ကို စစ်ဆေးမှာပါ။ စွဲချက်တင်တာကို အငြင်းပွားနေခြင်းမရှိပါ။ စွဲချက်တင်ထားတာကို ပြန်လည်ချေဖျက်နိုင်တယ်။ ကျွန်တော်တို့က ပြန်လည်စစ်ဆေးမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

 

အဆိုပါအမှုတွင် ပါဝင်ပြီး တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားသည့် ကိုအောင်နိုင်ကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

သင်္ဘောကွေ့ရွာတွင် မြို့နယ်အသီးသီးက လူဦးရေ ၂၀၀ ကျော်ခန့် နေထိုင်ခဲ့ပြီး ယင်းရွာတွင် ဘင်္ဂလီများ နေထိုင်ခဲ့သည်ဟု အကြောင်းပြချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ကာ ဇူလိုင်လ ၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ နေထိုင်သူများကမူ ယခင်အဆက်ဆက်က ရခိုင်လူမျိုးများ နေထိုင်ခဲ့ရာ မြေနေရာဖြစ်သောကြောင့် နေထိုင်သည်ဟု ဆိုကြသည်။

 

လက်ရှိမှာ သင်္ဘောကွေ့ရွာသားများသည် ရွာဖျက်ဆီးခံလိုက်ရသောကြောင့် နေစရာ မရှိသည့်အတွက် ကျောက်ပန္တူ ကားလမ်းဘေးတွင် တဲဆောက်လုပ်ပြီး ယာယီနေထိုင်နေကြရသည်။

ဗီဒီယိုများ