မောင်တောတွင် ကာလတန်ဖိုး(၁၃)သိန်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မောင်တောမြို့နယ်၊မောင်နီကျေးရွာတွင် ကာလတန်ဖိုး (၁၃) သိန်းကျော်တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြား (၆၆၈)ပြား ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့ရုံးက သိရသည်။

14 Oct 2018

ချလူးအောင်၊DMG

အောက်တိုဘာလ ၁၄၊မောင်တော                  

 

မောင်တောမြို့နယ်၊မောင်နီကျေးရွာတွင် ကာလတန်ဖိုး (၁၃) သိန်းကျော်တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြား (၆၆၈)ပြား ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့ရုံးက သိရသည်။

 

အောက်တိုဘာလ(၁၃)ရက်နေ့ နေ့လည်(၁၂)နာရီ အချိန်ခန့်က မောင်နီကျေးရွာက အဘူဆူဖီယန် ၏ နေအိမ်အား မူးယစ်ဆေး သတင်းအရ မောင်တောခရိုင်ရဲတပ်ဖွဲ့က ရှောင်တခင် ရှာဖွေစစ်ဆေးစဉ် နေအိမ်၏ အိမ်တိုင်ကြားတွင် သိုဝှက်ထားသည့် ပန်းရောင်စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသောပိုက်တပ်ထားသည့် အညိုရောင်ပလပ်စတစ်ဗူး(၁)ဗူးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အဘူဆူဖီယန်နှင့်၎င်း၏အစ်ကို အဘူတာဟဲန် တို့အား မောင်တောမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးအများအပြားများ  မကြာခဏ ဖမ်းဆီးရမိမှုများရှိနေပြီး အချို့ မူးယစ်ဆေးဝါးအမှုများမှာ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိမှုများရှိနေသည်။

ဗီဒီယိုများ