မောင်တောမြို့ ငါးခူရအလယ်ရွာ၌ နေအိမ် ၂ လုံး မီးရှို့ခံရ

မောင်တောမြို့နယ် ငါးခူရအလယ်ရွာ၌ ဇန်နဝါရီလ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မသမာသူ တစ်ဦးမှ မီးရှို့ခဲ့ရာမှ နေအိမ် ၂ လုံး လောင်ကျွမ်းခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

23 Jan 2019

ချလူးအောင် / DMG

ဇန်နဝါရီ ၂၃ ၊ မောင်တော

မောင်တောမြို့နယ် ငါးခူရအလယ်ရွာ၌ ဇန်နဝါရီလ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မသမာသူ တစ်ဦးမှ မီးရှို့ခဲ့ရာမှ နေအိမ် ၂ လုံး လောင်ကျွမ်းခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

ထိုသို့ မီးလောင်ခဲ့သည့် နေအိမ် ၂ လုံးမှာ လူနေထိုင်မှုမရှိသည့်နေအိမ်များဖြစ်ပြီး မီးရှို့ခဲ့သူအား ဖမ်းမမိ သေးကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီက ပြောသည်။

“ဖမ်းဆီးရမိခြင်းမရှိသေးပါ။ ဘယ်သူတွေရှို့သွားလည်းဆိုတာ မသိသေးဘူး” ဟု ဦးဂျော်ဂျီက ပြောသည်။

၎င်းမီးလောင်မှုတွင် စုစုပေါင်းတန်ဖိုး ၇ သောင်းခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်မီးရှို့ခဲ့သူ(စုံစမ်းဆဲ)အား ငါးခူရနယ်မြေရဲစခန်းမှ ပ- ၃/၂၀၁၉ ၊ ပုဒ်မ- ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

ဗီဒီယိုများ