ရေယာဉ်ပေါ်က ငါးပုံးများကို ဖွင့်ဖောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

“ စစ်တွေကနေ ဘူးသီးတောင်ကိုလာတဲ့ အောင်ကျော်မိုးသင်္ဘောကို သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သဘောၤပေါ်တင်လာတဲ့ ငါးပုံးတွေကို စစ်ဆေးရာကနေ တွေ့ရှိခဲ့တယ်။ ဆေးပြားစုစုပေါင်း ၉၇၅၀၀၀ ဖြစ်တယ်”

By သက်နိုင် (ကျောက်ဖြူ) 01 Nov 2018

နေရောင်မင်း၊ DMG

နိုဝင်ဘာလ ၁၊ ဘူးသီးတောင်

 ဘူးသီးတောင်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက  WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။

အောင်ကျော်မိုးရေယာဉ်တွင် တင်ဆောင်လာသည့် ငါးပုံးများကိုဖွင့်ဖောက် စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ စစ်တွေကနေ ဘူးသီးတောင်ကိုလာတဲ့ အောင်ကျော်မိုးသင်္ဘောကို သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သဘောၤပေါ်တင်လာတဲ့ ငါးပုံးတွေကို စစ်ဆေးရာကနေ တွေ့ရှိခဲ့တယ်။ ဆေးပြားစုစုပေါင်း ၉၇၅၀၀၀ ဖြစ်တယ်” ဟု ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦ်းကျော်မင်းထွန်းက ပြောသည်။

ဖမ်းမိခဲ့သည့်ဆေးပြားများမှာ ပိုင်ရှင်မဲ့ဖြစ်ပြီး လက်ရှိအချိန်တွင်  တရားခံကို ရှာဖွေနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မောင်တောခရိုင်တွင် မူးယစ်ဆေးဝါးများ မကြာခဏဖမ်းဆီးရမိမှုများရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၉၆၄၀ ပြား ဖမ်းဆီးရမိခဲ့သည်။

ဗီဒီယိုများ