မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener မောင်တောဒေသရောက်ရှိ

အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် မောင်တောဒေသသို့ ဒုတိယမြောက်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်လ(၁၈)ရက်နေ့တွင် ပထမအကြိမ်ရောက်ရှိခဲ့ပြီး ARSAအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ရဲဘော်ကျကျေးရွာက ဟိန္ဒူလူမျိုးများနှင့်လည်း တွေ့ဆုံခဲ့သည်။

15 Oct 2018

 

ချလူးအောင်၊DMG

အောက်တိုဘာလ ၁၄၊စစ်တွေ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Christine Schraner Burgener အောက်တိုဘာလ ၁၅ ရက်နေ့၊နံနက်ပိုင်းတွင်  မောင်တောမြို့သို့ရောက်ရှိလာသည်။

မောင်တောအထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင်နှင့် ဘင်္ဂလီ အသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့သည်။ အထူးကိုယ်စားလှယ်သည် ဘူးသီးတောင်နှင့်မောင်တောဒေသက လူမှုအသိုက် အဝန်းများနှင့် တွေ့ဆုံကာဒေသတွင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကိုကြည့်ရှုလေ့လာသွားမည်ဖြစ်သည်။ ဘူသီးတောင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင်၊ ဘင်္ဂလီ အသိုက်အဝန်းတွေ့ဆုံပြီး ဘူသီးတောင်ဈေးရှိ ရခိုင်၊ဘင်္ဂလီနှင့် ဟိန္ဒူတို့ ယှဉ်တွဲရောင်းချဝယ်ယူနေမူများကိုလေ့လာမည်ဖြစ်သည်

ယင်းအပြင် အိန္ဒိယ နိုင်ငံက ဆောက်လုပ်လှူဒါန်းထားသည့် နေအိမ်များကို လည်း သွားရောက်ကြည့်ရှုမည်ဖြစ်ကာ  ကိုင်းကြီး မြိုရွာရှိတိုင်းရင်းသားကျေးရွာကိုလည်း သွားရောက် မည်ဖြစ်သည်။

အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် မောင်တောဒေသသို့ ဒုတိယမြောက်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်လ(၁၈)ရက်နေ့တွင် ပထမအကြိမ်ရောက်ရှိခဲ့ပြီး ARSAအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ရဲဘော်ကျကျေးရွာက ဟိန္ဒူလူမျိုးများနှင့်လည်း တွေ့ဆုံခဲ့သည်။

အထူးကိုယ်စားလှယ်သည် စစ်တွေမြို့သို့ အောက်တိုဘာလ ၁၃ ရက်နေ့က ရောက်ရှိခြင်းဖြစ်သည်။

အထူးကိုယ်စားလှယ်သည် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတရှိစွာ နေထိုင်နိုင်ရေးကိစ္စများ၊ နေရပ်စွန့်ခွာ သွားသူများ ပြန်လည် လက်ခံရေး လုပ်ငန်း စတင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စများကိုဆွေးနွေးခဲ့သည်။

ဗီဒီယိုများ