- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်တွေမှ ဓားထိုးခံရပြီးသေဆုံးသွားသည့် မိန်းကလေးငယ်၏ ရုပ်အလောင်းကို ယနေ့သင်္ဂြိုဟ်မည်
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးအနီး ဆိုင်ခန်းတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်၏ရုပ်အလောင်းကို စစ်တွေသုဿန်၌ ယနေ့မွန်းလွဲ ၃ နာရီတွင် သင်္ဂြိုဟ်မည်ဖြစ်သည်။
17 Aug 2022

DMG ၊ သြဂုတ် ၁၇
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးအနီး ဆိုင်ခန်းတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်၏ရုပ်အလောင်းကို စစ်တွေသုဿန်၌ ယနေ့မွန်းလွဲ ၃ နာရီတွင် သင်္ဂြိုဟ်မည်ဖြစ်သည်။
အဆိုပါမိန်းကလေးငယ်မှာ သြဂုတ်လ ၁၅ ရက်နေ့က ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်ခန်းအတွင်း ဓားထိုးသွင်းဒဏ်ရာ နှစ်ချက်၊ မျက်နှာနှင့် မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“အမှုရဲ့တရားခံကို အမြန်ဆုံးပေါ်ပေါက်စေချင်ပါတယ်။ အမှုအမှန်ကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် အားလုံးကို အကူညီတောင်းဆိုပါတယ်”ဟု သေဆုံးသူမိန်းကလေး၏ ဖခင်ကပြောသည်။
သေဆုံးသွားသည့်မိန်းကလေးမှာ အသက် ၁၈ နှစ်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ၂၀၂၂ ခုနှစ်တွင် ဖြေဆိုအောင်မြင်ထားသူလည်းဖြစ်သည်။
စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုများအပြင် ယခုကဲ့သို့ လူသေဆုံးမှုများပါဖြစ်လာ၍ ဒေသခံများ၏စိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။ ယခုမိန်းကလေးသေဆုံးမှုကိုလည်း အမြန်ဆုံးဖော်ထုတ်ပေးရန်လည်း ဒေသခံများကတောင်းဆိုနေကြသည်။