- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
ထိုင်ဝမ်သာ ကျူးကျော်ခံရလျှင် ဖိလစ်ပိုင်လည်း ဝင်ပါရတော့မည်ဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ်ပြော
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းကို ဝိုင်းကာ အကြီးစားစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်လိုက်သည်နှင့်စပ်လျဉ်း၍လည်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ရိုမီယို ဘရောနားက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ပိတ်ဆို့ရန်အတွက် လေ့ကျင့်မှုဖြစ်သည်ဟု မှတ်ချက်ပေးသည်။
02 Apr 2025

DMG ၊ ဧပြီ ၂
အိမ်နီးချင်း ထိုင်ဝမ်ကို ကျူးကျော်မှုများ ရှိလာခဲ့မည်ဆိုပါက မိမိတို့နိုင်ငံသည်လည်း မလွှဲမရှောင်သာ ပါဝင်ပတ်သက်ရလိမ့်မည်ဟု ဖိလစ်ပိုင် စစ်ဦးစီးချုပ်က ဧပြီလ ၁ ရက်နေ့တွင် ပြောကြားခဲ့သလို တရုတ်သည် ဖိလစ်ပိုင်စစ်တပ်နှင့် အခြားအဖွဲ့အစည်းများထဲသို့ စိမ့်ဝင်ထိုးဖောက်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း သူက သတိပေးခဲ့သည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းကို ဝိုင်းကာ အကြီးစားစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်လိုက်သည်နှင့်စပ်လျဉ်း၍လည်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ရိုမီယို ဘရောနားက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ပိတ်ဆို့ရန်အတွက် လေ့ကျင့်မှုဖြစ်သည်ဟု မှတ်ချက်ပေးသည်။
“ထိုင်ဝမ်ကို ကျူးကျော်မှု ရှိလာခဲ့မယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေ စတင်နိုင်ဖို့အတွက် စီစဉ်နေပါတယ်” ဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ် ရိုမီယို ဘရောနားက မြောက်ပိုင်း Luzon ကျွန်းရှိ တပ်ဖွဲ့များကို ပြောကြားခဲ့သည်။
"ဘာလို့လဲဆိုတော့ ထိုင်ဝမ်မှာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့က မလွှဲမရှောင်သာ ပါဝင်ပတ်သက်ရပါလိမ့်မယ်။ ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အနေနဲ့ ကျွန်တော်တို့ဟာ စစ်ပွဲထဲကို ရောက်နေတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိသင့်ပါတယ်” ဟု ဘရောနားက ကျူးကျော်ရန် အလားအလာရှိနေသူမှာ မည်သူမည်ဝါဟု အမည်မဖော်ဘဲ ပြောကြားခဲ့သည်။
ထိုင်ဝမ်တွင် အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်လူမျိုး နှစ်သိန်းခွဲခန့်ကို ကယ်တင်ရမည်မှာ ၎င်း၏စစ်သားများ ထမ်းဆောင်ရမည့် တာဝန်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါစစ်ဆင်ရေးကို စစ်တပ်ဘက်က မည်သို့လုပ်ဆောင်မည် ဆိုခြင်းကိုမူ ဘရောနားက အသေးစိတ်ဖော်ပြခြင်း မရှိပေ။
ဖိလစ်ပိုင်မြောက်ပိုင်းသည် မဟာမိတ်အမေရိကန်နှင့် ပူးပေါင်း၍ ဧပြီလ ၂၁ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ဘရောနားက မြောက်ပိုင်း လူဇွန်စစ်ဌာနချုပ်၌ တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။
"ဒါတွေက တိုက်ခိုက်မှုဖြစ်လာနိုင်ခြေကို ကျွန်တော်တို့ ရိပ်စားမိထားတဲ့ နေရာတွေပါ။ အချက်ပြ အချက်ပေးသံလိုမျိုး ကျွန်တော် ထုတ်မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဝါရှင်တန်နှင့် အပြန်အလှန် ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားသည့် မနီလာသည် တောင်တရုတ်ပင်လယ်၏ အငြင်းပွားဖွယ်ရာဒေသများနှင့် ဆက်စပ်၍ ဘေဂျင်းနှင့် ထိပ်တိုက်တွေ့မှုများတွင် လပေါင်းများစွာ ပါဝင်ပတ်သက်နေခဲ့သည်။
နိုင်ငံတကာစီရင်ချက်တစ်ခု၌ ဘေဂျင်း၏ပြောဆိုချက်များကို အကျိုးမရှိသော တောင်းဆိုချက်များဟု သတ်မှတ်ထားသော်လည်း တရုတ်သည် တောင်တရုတ်ပင်လယ်၏ အရေးပါသော ရေလမ်းကြောင်း တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်နက်အဖြစ် ပြောကြားထားသည်။