- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရေချိုအရင်းအမြစ် မပျောက်အောင် ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေ
နှစ်စဉ်ရာသီဥတုပေါင်းလဲမှုများကြောင့် ရေခဲမြစ်များမှာ စိုးရိမ်ဖွယ်နှုန်းဖြင့် အရည်ပျော်နေ၍ ကမ္ဘာလုံးဆိုင်ရာ ရေအရင်းအမြစ် လုံခြုံမှုကို ခြိမ်းခြောက်နေကြောင်း ဆိုသည်။ ထိုသို့ ရေခဲမြစ်များအနေဖြင့် စိုးရိမ်ဖွယ်နှုန်းဖြင့်သာ ဆက်၍ အရည်ပျော်နေပါက ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ရခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကြုံလာရနိုင်သည်ဟု EHS Myanmar တွင် ဖော်ပြသည်။
30 Apr 2025

DMG ၊ ဧပြီ ၂၈
လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ရေချိုမလုံလောက်မှုပြဿနာကို တစ်ကမ္ဘာလုံးတွင် အကြီးအကျယ် ရင်ဆိုင်လာရနိုင်ခြေရှိသဖြင့် ရေချိုအရင်းမြစ်များကို ကာကွယ်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ရေးအရင်းအမြစ် အရေးလှုပ်ရှားနေသူများက ပြောသည်။
ထို့ကြောင့် လက်ရှိ အချိန်မှစ၍ ရေချိုအရင်းအမြစ်အား ထိန်းသိမ်းကာကွယ်ခြင်းများ မဖြစ်မနေ ပြုလုပ်ရန်လိုအပ်သည်ဟု ရေအရင်းအမြစ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အလွတ်တန်းအကြံပေး ဒေါ်ယုယုဌေးက ပြောသည်။
“အခုလက်ရှိ အချိန်မှာကို တစ်ရာရာခိုင်နှုန်း coverage ဖြစ်တဲ့ ရေပေးရေး စနစ်ရှိတဲ့မြို့ မြန်မာပြည်မှာ မရှိသေးဘူး။ နွေရာသီလို ပူပြင်းတဲ့ ကာလတွေမှာ မြစ်တွေ သောင်ထွန်းနေတာမျိုးအပြင် မြစ်ရေ Level နိမ့်ကျတာမျိုးဟာ ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။ အခုအချိန် စတင်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်တာမျိုး မလုပ်ခဲ့ရင် ရေချို မလုံလောက်မှု ပြဿနာကို ၂၀၅၀ မှာ အကြီး အကျယ်ရင်ဆိုင်ကြရမှာပါ” ဟု ဒေါ်ယုယုဌေးက DMG ကို ပြောသည်။
ရေချိုသည် သဘာဝသယံဇာတ အရင်းအမြစ်များထဲမှ တစ်ခုဖြစ်၍ သုံးစွဲသူများအနေဖြင့် အလွန်အကျွံ ထုတ်ယူသုံးစွဲလျှင် လျော့နည်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိသည်ဟု သူကဆိုသည်။
ရေခဲမြစ်များသည် ကမ္ဘာ့ရေချို၏ ၇၀ ရာခိုင်နှုန်းခန့်ကို သိုလှောင်ပေးပြီး မြစ်၊ အင်းအိုင်များနှင့် သောက်သုံးရေ စနစ်များအတွက် ထောက်ပံ့ပေးသည်ဟု environment, health and safety myanmar (EHS Myanmar)၏ အစီရင်ခံစာတွင် ဖော်ပြသည်။
သို့သော်လည်း နှစ်စဉ်ရာသီဥတုပေါင်းလဲမှုများကြောင့် ရေခဲမြစ်များမှာ စိုးရိမ်ဖွယ်နှုန်းဖြင့် အရည်ပျော်နေ၍ ကမ္ဘာလုံးဆိုင်ရာ ရေအရင်းအမြစ် လုံခြုံမှုကို ခြိမ်းခြောက်နေကြောင်း ဆိုသည်။ ထိုသို့ ရေခဲမြစ်များအနေဖြင့် စိုးရိမ်ဖွယ်နှုန်းဖြင့်သာ ဆက်၍ အရည်ပျော်နေပါက ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ရခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကြုံလာရနိုင်သည်ဟု EHS Myanmar တွင် ဖော်ပြသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ရေချိုအရင်းအမြစ်အား ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းမှုများ ရှိနေသည်ဟု ဒေါ်ယုယုဌေးက ဆက်ပြောသည်။
တစ်ဖက်တွင်လည်း ရေချိုအရင်းအမြစ်အား မဆုံးရှုံးစေရေး သစ်တောပြုန်းတီးမှုမဖြစ်အောင် ထိန်းသိမ်းကာကွယ်ရန် လိုအပ်သည်ဟုလည်း ရခိုင်သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူများက ထောက်ပြသည်။
“ သစ်ပင်၊ သစ်တောရှိမှ စိုစွတ်မှုကတဆင့် မြောင်တွေ၊ တောင်ကျရေတွေက ပုံမှန်စီးဆင်းမှုရှိနေမှာ။ ဒါတွေ ပြုန်း တီးလာရင် တောင်ကျရေတွေ မြောင်တွေ ခမ်းခြောက်လာမယ်။ ပြီးတော့ မြောင်တွေ ပျောက်ကွယ်လာ နိုင်တယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ ပုံမှန်စီးဆင်းနေတဲ့ ရေဟာ မစီးဆင်းနိုင်တော့ မြစ်ချောင်း၊ အင်းအိုင်တွေ တိမ်ကောလာ မယ်။ ဒီဟာတွေက ဒွန်တွဲနေလို့ အခုလို ရေအရင်းအမြစ် မဆုံးရှုံးဖို့ သစ်တော ပြုန်းတီးမှု မဖြစ်အောင် ကာကွယ်ဖို့လိုအပ်တယ် ” ဟု ရခိုင်ပြည်၊ မြောက်ဦးမြို့မှ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ အမျိုး သမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် နှစ်စဉ် နွေရာသီ ရေရှားပါးမှုဒဏ်ကို ခံနေကြရသည်။ ပြီးခဲ့သည့် နှစ်များက ရခိုင်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော စသည့်မြို့နယ်များတွင် မတ်၊ ဧပြီလများတွင်သာ နွေရာသီ ရေရှားပါးမှုပြဿနာကို ကြုံခဲ့ကြရသည်။
သို့သော်လည်း ယခုနှစ်တွင် ဇန်နဝါရီလမှစတင်ကာ သောက်သုံးရေ ခမ်းခြောက်လာနေ၍ ဒေသခံများရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေကြရသည်။
“ရခိုင်မှာ ရေချိုပမာဏ အင်မတန်များတဲ့ စိုင်းဒင်ရေတံခွန်၊ ကုလားတန်မြစ်တို့ ရှိပါတယ်။ ဒါတွေက ရေချိုကို ပမာဏများများ ရနိုင်ပါတယ်။ ရေချိုရရှိဖို့ အတွက်တော့ မခက်ဘူး။ ရေသန့်ရဖို့ကတော့ ခက်တယ်။ ဒါပေမဲ့ ငွေကြေးအကုန်အကျခံပြီး အုပ်ချုပ်သူ အဖွဲ့အစည်းကသော်လည်းကောင်း လုပ်ဆောင်နိုင်မယ်ဆိုရင် ရေချို ရှားပါးမှုကို ဖြေရှင်းဖို့ မခက်ဘူး” ဟု ရခိုင်မှ Sittwe Water Supply ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းထွန်းကြည်က ပြောသည်။
ရခိုင်တွင် ဇီးချောင်းဆည်၊ ပြိုင်းချောင်းဆည်၊ မင်းသားတောင်ဆည်၊ ရှောက်ချောင်းဆည်၊ ခမီကြိမ်ချောင်းဆည်၊ သိုင်းချောင်းဆည် စသည့် ဆည်မြောင်းတာတမံများစွာရှိသည်။ ထို့အပြင် ရေချိုမြစ်၊ ချောင်းများဖြစ်သည့် ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ပီချောင်း၊ ယိုးချောင်း၊ ဒါးလက်ချောင်းတို့ ရှိသည်။
ထိုသို့ ဆည်မြောင်းတာတမံများနှင့် ရေချိုရရှိသည့် မြစ်၊ ချောင်းများကို စနစ်တကျ ထိန်းသိမ်းကာ နှစ်စဉ် ကြုံတွေ့နေရသည့် ရေရှားပါးမှုပြဿနာကို ကြိုတင်ဖြေရှင်းနိုင်သည်ဟု ရခိုင်ဒေသခံများက ထောက်ပြသည်။