- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ရခိုင်က မြို့နယ် ၆ မြို့နယ်ခန့်တွင် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်နေ့) နံနက်ပိုင်းမှစတင်ကာ မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည်ဟု ဒေသခံများထံမှသိရသည်။
12 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်နေ့) နံနက်ပိုင်းမှစတင်ကာ မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည်ဟု ဒေသခံများထံမှသိရသည်။
အင်တာနက်ပြတ်တောက်နေသည့် မြို့နယ်များထဲတွင် စစ်တွေ ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ သံတွဲ စသည့်မြို့နယ်များပါဝင်သည်ဟု DMG က ဆက်သွယ်မေးမြန်းခဲ့သည့် အဆိုပါမြို့နယ် ဒေသခံများကပြောသည်။
မြောက်ဦးဒေသခံတစ်ဦးက “MPT က 3G ၊ MYTEL က 2G ၊ Ooredoo က G လိုင်းတက်နေပါတယ်။ အင်တာနက်သုံးလို့ လုံးဝအဆင်မပြေဘူးဖြစ်နေပါတယ်”ဟု ပြောသည်။
ထိုသို့ အင်တာနက်ဖြတ်တောက်ခံထားရသောကြောင့် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စများတွင် ထိခိုက်မှုများရှိနေသည်ဟု ဆိုကြသည်။
“အင်တာနက်လိုင်း တောက်လျောက်ဖြတ်နေတော့ အခက်အခဲ ဖြစ်မယ်။ အခုဆိုရင် အင်တာနက်လိုင်းပြတ်နေတဲ့အတွက် ငွေလွှဲလို့မရဘူးဖြစ်တယ်။ ဒီတိုင်းဆိုရင် သတင်းအချက်အလက်တွေကိုလည်း သိရဖို့အခက်အခဲဖြစ်မယ်”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
အလားတူ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင်လည်း အင်တာနက်ဖြတ်တောက်ခံထားရသည်။ ပြည်ထောင်စုနေ့ဖြစ်သည့် ယနေ့တွင် မည်သည့်အတွက်ကြောင့် အင်တာနက်ဖြတ်တောက်ထားသည်ကို မသိရှိရသေးပါ။ ဖုန်းအော်ပရေတာများကလည်း အင်တာနက်ဖြတ်တောက်မည့်အကြောင်းကို သတင်းထုတ်ပြန်ခြင်း မရှိပါ။
မိုဘိုင်းအင်တာနက်လိုင်းများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီမှ ညနေ ၁၁ နာရီအထိ ဖြတ်တောက်မည်ဆိုသည့် သတင်းများလည်း လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့လျက်ရှိနေသည်။