- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ရခိုင်ထံသို့ ကုလသမဂ္ဂမှ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ဆွေးနွေးနေကြသော "စာနာမှုအကူအညီ ပေးအပ်ရေး စင်္ကြံဟု ခေါ်ဆိုနေကြသည့်" အစီအစဉ်တွင် တရုတ်က ပါဝင်ပတ်သက်ခြင်း မရှိသလို ဘေဂျင်းသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကိုလည်း လေးစားသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မေလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
09 May 2025

ရခိုင်ထံသို့ ကုလသမဂ္ဂမှ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ဆွေးနွေးနေကြသော "စာနာမှုအကူအညီ ပေးအပ်ရေး စင်္ကြံဟု ခေါ်ဆိုနေကြသည့်" အစီအစဉ်တွင် တရုတ်က ပါဝင်ပတ်သက်ခြင်း မရှိသလို ဘေဂျင်းသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကိုလည်း လေးစားသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မေလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေး ဘင်္ဂလားဒေ့ရှ်အင်စတီကျု (BIISS) က ဒါကာမြို့ရှိ ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ သံအမတ်ကြီး ယောင်ဝန်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
"စာနာမှုအကူအညီ ပေးအပ်ရေး စင်္ကြံလို့ ခေါ်ဆိုနေကြတဲ့ အစီအစဉ်မှာ တရုတ်အနေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်" ဟု သူက ဆိုသည်။
"ကျွန်တော် နားလည်ထားသလောက်ကတော့ ဒါဟာ ကုလသမဂ္ဂ အေဂျင်စီတွေက ရခိုင်ပြည်နယ်ထဲက ပဋိပက္ခဒဏ်သင့် ပြည်သူတွေအတွက် စာနာမှုအကူအညီတွေ ထောက်ပံ့မယ့် အစီအစဉ်ပါ။ ဒီကိစ္စမှာ တရုတ်ပါဝင် ပတ်သက်ခြင်း မရှိပါဘူး" ဟု သံအမတ်ကြီးယောင်ဝန်က ပြောသည်။
တရုတ်အနေဖြင့် ကြားဝင်မစွက်ဖက်ရေးမူကို ကိုင်စွဲထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် မွတ်ဆလင်ဒုက္ခသည် အရေးအတွက် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက်ကြမည်ဟု ဘေဂျင်းက မျှော်လင့်သည်ဟုလည်း သူက ပြောသည်။
စာနာမှုစင်္ကြံအစီအစဉ်နှင့် ပတ်သက်၍ မိမိတို့၏ တောင်းဆိုချက်များကို လိုက်လျောလျှင် သဘောတူနိုင်ခြေရှိသည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားထားသည်။
အဆိုပါ တောင်းဆိုချက်များ၌ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ လက်ရှိ ပြောနေကြသည့် ရခိုင်တွင် အပတ်အခတ် ရပ်စဲရန်၊ ရခိုင်ပြည်ရှိ လက်ရှိ အုပ်ချုပ်ရေး အဆင့်တိုင်း၌ မွတ်ဆလင်များကိုပါ ထည့်သွင်းပေးရန်၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများ စီမံပေးရန်တို့ ပါဝင်သည်ဟု ယူဆရသည်။