စစ်ကောင်စီတပ်သားများ ဝင်ရောက်လာမှုကြောင့် ကျိုက်ဒုံဒေသခံထောင်ချီ ထွက်ပြေးနေရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့အနီးအနားသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်နေ့) နံနက်အစောပိုင်းကစပြီး အင်အားအများအပြားဖြင့် ဝင်ရောက်လာမှုကြောင့် ဒေသခံ (၅၀၀၀) ကျော်မှာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By Admin 03 Nov 2022

စစ်ကောင်စီတပ်သားများ ဝင်ရောက်လာမှုကြောင့် ကျိုက်ဒုံဒေသခံထောင်ချီ ထွက်ပြေးနေရ

ကျိုက်ဒုံမြို့တွင်းကိုတွေ့ရှိရစဉ်။ ဓာတ်ပုံ-CJ

DMG ၊နိုဝင်ဘာ ၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့အနီးအနားသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်နေ့) နံနက်အစောပိုင်းကစပြီး အင်အားအများအပြားဖြင့် ဝင်ရောက်လာမှုကြောင့် ဒေသခံ (၅၀၀၀) ကျော်မှာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကျိုက်ဒုံမြို့အနီးနှင့် ကျေးရွာများဖြစ်သည့် မိတန်၊ မိနန်းအပ်၊ ကမားခလယ့်၊ အဇင်း၊ ဖုချိမူ၊ ကွီးခလုံးနှင့် ကွီလုံတိုင်အပါအဝင် ကျေးရွာပေါင်း (၁၀) ခုသို့ ယနေ့ နံနက် ၅ နာရီကျော်မှစပြီး ကော့ကရိတ် မြို့ ခလရ (၉၇) တပ်ရင်းမှ အင်အား (၁၀၀) ဝန်းကျင်ရှိ စစ်သားများ ဝင်ရောက်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျိုက်ဒုံမြို့ခံတစ်ဦးက ပြောသည်။

“ ရွာဘက်ကို မနက်စောကြီး စစ်ကြောင်းထိုးလို့ ရှောင်နေရတယ်။ မြို့အနီးက ရွာဆယ်ရွာကို တရွာဝင် တရွာထွက် စစ်ကြောင်းထိုးနေတာ ခင်ဗျ။ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် ပြေးနေရတာ ရှိပါတယ် ” ဟု အဆိုပါ ကျိုက်ဒုံမြို့ခံတစ်ဦးက ပြောသည်။

ယင်းသို့ စစ်တပ်မှ စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံ (၅၀၀၀) ကျော်မှာ နီးစပ်ရာ မော်လမြိုင်၊ ဘားအံနှင့် မုဒုံ စသည့်မြို့နယ်များ အပါအဝင်ထိုင်း- မြန်မာနယ်စပ် ဘောနူထ၊ မိုက်လရောင်းခီ့နှင့် ပိုင်ခလန်စသည့် နေရာများ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

“ မြို့ထဲနေတဲ့သူအချို့က မော်လမြိုင်၊မုဒုံနဲ့ဘားအံဘက်ကိုသွားရှောင်တဲ့သူရှိတယ်။တချို့က ထိုင်းနယ်စပ်ဘ က်က ဘောနူထ၊ မိုက်လရောင်း ခီနဲ့ပိုင်ခလန်ရွာတွေမှာ သွားရှောင်နေရတယ် ” ဟု စစ်ရှောင်ကူ ညီရေး လုပ်ဆောင်သူ တစ်ဦးက ဆိုသည်။

ထိုင်း နယ်စပ်ဘောနူထ၊ မိုက်လရောင်းခီနှင့် ပိုင်ခလန်စသည့် ကျေးရွာများသို့ နေရပ်စွန့်ခွာ နေရသည့် ဒေသခံများထဲတွင် ကလေးငယ်များ ကိုယ်ဝန်ဆောင်သည်နှင့် အသက်ကြီးရွယ်အိုအများစု ပါဝင်နေပြီး လိုအပ်မည့် စားနပ်ရိက္ခာနှင့် နေထိုင်စရာများ ယာယီထောက်ပံ့ပေးထားကြောင်း ထိုင်းနယ်စပ်ပိုင်ခလန် ကျေးရွာရှိ မြန်မာ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

“ အခုရွာထဲကို ရောက်လာတဲ့ အထဲမှာ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေ အများစုပါတယ်။ သူတို့ကိုရွာထဲက ဘုန်းကြီးကျောင်းမှာ နေရာချပေးထားတယ်။ ထိုင်းစစ်တပ်တွေ လာပြီးတော့ လာရှောင်တဲ့ ဒေသခံတချို့ကို မြန်မာဘက်ပြန်ပို့ လိုက်တာတွေ့ခဲ့ရတယ် ” ဟု ပိုင်ခလန်ကျေးရွာရှိ မြန်မာ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့ ညအချိန်တွင် ကျိုက်ဒုံမြို့ ရဲစခန်းကို KNLA နှင့် ပူး ပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်နှင့် တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး နောက်ကျိုက်ဒုံမြို့ရဲ စခန်းကို သိမ်းယူရရှိခဲ့ကြောင်း ကေအန်ယူ တပ်မဟာ (၆) မှ သတင်း ထုတ်ပြန်ထားသည်။

ထိုသို့ ကျိုက်ဒုံမြို့ရဲစခန်းတိုက်ခိုက်ခံရမှုနှင့်မြို့အနီးတဝိုက်သို့ စစ်တပ်မှစစ်ကြောင်းထိုးဝင်ရောက်မှု နှင့်ပက်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ရက်နေ့ အထိကေအန်ယူတပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီ တပ်နှင့် KNLAပူးပေါင်းအဖွဲ့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၉၀၀၀၀) ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများ ကြောင့် ဒေသခံ ၃၀၀ ကျော်ထိခိုက်သေဆုံးခဲ့ပြီး ၁၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ကရင်လူ့ အခွင့် အရေးအဖွဲ့ (KHRG) စာရင်းများအရသိရသည်။

ဗီဒီယိုများ