- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
KNDF ကို ညီနောင်သုံးဖွဲ့က စစ်လက်နက်များ ကူညီပေးထား
“KNDF မှာ စစ်ကောင်စီ၏ ထိုးစစ်ကို အကောင်းဆုံးကြံ့ကြံ့ခံကာ ခုံခံတိုက်ခိုက်နိုင်သော ကရင်နီတို့၏ သမိုင်းသစ်ကို မျိုးဆက်သွေးသစ်လူငယ်များဖြင့် ပြောင်မြောက်စွာ ရေးထိုးနိုင်သော အဖွဲ့တစ်ခု” ဟု ညီနောင်သုံးဖွဲ့က ချီးမွှန်းထားသည်။
31 May 2023

DMG ၊ မေ ၃၁
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကို ရက္ခိုင့်တပ်တော်(AA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ညီနောင်မဟာမိတ်သုံးဖွဲ့က လက်နက်ခဲယမ်းများနှင့် စစ်ရေးအကူအညီများ ပေးထားကြောင်း သိရသည်။
ယင်းအကူအညီများကြောင့် တော်လှန်ရေးကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ စစ်ရေး၊ နိုင်ငံရေးအရ ခိုင်မာသည့်လမ်းကြောင်းတွင် လျှောက်လှမ်းနေကြောင်း ယနေ့ကျရောက်သော KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့်မိန့်ခွန်းတွင် ဥက္ကဌ ခွန်းဘီထူးက ထည့်သွင်းပြောကြားသည်။
KNDF အနေဖြင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် NUG၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့်အတူ ကရင်နီပြည်အစိုးရပေါ်ပေါက်ရေး၊ ပြည်သူများအား ပညာရေး၊ ကျန်းမာရေး စသော ပြည်သူ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားနေကြောင်း ထုတ်ပြန်သည်။
KNDF ၂ နှစ်ပြည့်သို့ ညီနောင်သုံးဖွဲ့က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် “လက်ရှိ KNDF မှာ စစ်ကောင်စီ၏ ထိုးစစ်ကို အကောင်းဆုံးကြံ့ကြံ့ခံကာ ခုံခံတိုက်ခိုက်နိုင်သော ကရင်နီတို့၏ သမိုင်းသစ်ကို မျိုးဆက်သွေးသစ်လူငယ်များဖြင့် ပြောင်မြောက်စွာ ရေးထိုးနိုင်သော အဖွဲ့တစ်ခု” ဟု ချီးမွှန်းထားသည်။
“၂ နှစ်တာ ကာလအတွင်း တော်လှန်ရေးအခက်အခဲ၊ အတားအဆီးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသော KNDF အဖွဲ့အစည်းနှင့် ကရင်နီလူမျိုးများ၏ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုပါသည်” ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
KNDF ကို ပြီးခဲ့သည့် ၂၀၂၁ မေလ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး နှစ်နှစ်အတွင်း ကရင်နီ(ကယား) ပြည်နယ်အနှံ့တွင် တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်းငယ် ၁၀ ခုကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်ရှိတွင်လည်း စစ်ကောင်စီနှင့် KNDF အကြား တိုက်ပွဲအရှိန်ပြင်းထန်နေသည်။
#R007