- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
လုပ်ခလစာတိုးပေးရန်အပါအဝင် အချက် ၃ ချက်ကို မြန်မာရွှေ့ပြောင်းလုပ်သားများက ထိုင်းအစိုးရထံ တောင်းဆို
ယနေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ လိုအပ်ချက် ၃ ချက်ကို ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြသည်။
01 May 2023

DMG ၊ မေလ ၁
ယနေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ လိုအပ်ချက် ၃ ချက်ကို ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြသည်။
ထိုတောင်းဆိုချက်ထဲတွင် ဗီဇာသက်တမ်းတိုးခြင်းကို မြန်မာပြည်သို့ ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ပြုလုပ်ပေးရန်၊ အလုပ်သမားတစ်ဦး၏ လုပ်အားခသည် မိသားစုဝင် ၃ ဦး ဖူလုံစေရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ကိုယ်ပိုင်အသင်းဖွဲ့ရန်နှင့် စုပေါင်းတောင်းဆိုခွင့်ပြုရန်တို့ ပါဝင်သည်။
ဘန်ကောက်မြို့၊ ထိုင်းအစိုးရဝန်ကြီးဌာနများရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ ခန့်က ယင်းသို့ တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“MOU သမားတွေက သက်တမ်းကုန်သွားရင် မြန်မာနိုင်ငံပြန်ပြီး သက်တမ်းတိုးကြရတာလေ အခုက မြန်မာနိုင်ငံမှာသွားပြီး သက်တမ်းတိုးမှာက ဘယ်လိုမှ လုံခြုံမှုမရှိဘူးလေ။ အဲဒါကြောင့် ဒီမှာဘဲ သက်တမ်းတိုးဖို့ကို လုပ်ပေးစေချင်တယ်။ နောက်တစ်ချက်ကတော့ ထိုင်းနိုင်ငံသားတွေနဲ့တန်းတူ လုပ်အားခတွေကိုပေးဖို့ တောင်းဆိုတာပေါ့။ နောက်တစ်ချက်ကတော့ အသင်းအဖွဲ့တွေဖွဲ့ပြီး စုပေါင်းတောင်းဆိုခွင့်ပြုဖို့ကို တောင်းဆိုတာဖြစ်တယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MWRN)မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဇော်ကပြောသည်။
လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေမှာ လုံခြုံမှုမရှိသည့်အတွက် ဗီဇာသက်တမ်းကုန်သော MOU သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးပေးခြင်းကို ယခင်ကိုဗစ်ကာလကအတိုင်း လုပ်ပေးစေလိုကြောင်း တောင်းဆိုရာတွင်ပါဝင်ခဲ့သူ MOU လုပ်သား ကိုထွန်းလင်းခိုင်က ပြောသည်။
“ကျနော်တို့ကို ကိုဗစ်တုန်းကလိုဘဲ ထိုင်းမှာ သက်တမ်းတိုးပေးစေချင်တယ်။ အခုချိန်က မြန်မာပြည်သွားမှာက မလွယ်ဘူး။ ကျနော်တို့အတွက်က မလုံခြုံဘူးလေ။ အဲဒါကြောင့် ဒီမှာလုပ်ဖို့ကို စီစဉ်ပေးစေချင်တယ်။ ကိုဗစ်တုန်းကလည်း အဲလိုလုပ်ပေးတော့ အဆင်ပြေခဲ့တယ်”ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် လာရောက်အလုပ်လုပ်နေကြသည့် လုပ်သားအချို့မှာလည်း အလုပ်ထုတ်ခံရခြင်းများနှင့် ကြုံတွေ့နေရပြီး ပို့ဆောင်ပေးသည့် အေးဂျင့်များမှလည်း တာဝန်ယူဖြေရှင်းမှု အားနည်းနေသဖြင့် ထိုင်းအစိုးရမှ ထိရောက်စွာဆောင်ရွက်ပေးစေလိုကြောင်း ထိုင်းရောက် MOU ရွှေ့ပြောင်းလုပ်သားများမှ တောင်းဆိုကြသည်။
#F001