- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရခိုင်က ပြည်သူအားလုံးကို ဧပြီလအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် စီစဉ်နေ
ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ပြည်သူအားလုံးကို လာမည့် ဧပြီလအတွင်း ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးရန်ရည်မှန်းထားသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
04 Jan 2022
DMG ၊ ဇန်နဝါရီလ ၄
ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ပြည်သူအားလုံးကို လာမည့် ဧပြီလအတွင်း ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးရန်ရည်မှန်းထားသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ကိုဗစ်ရောဂါမကူးစက်ရအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်။ ၅၀ ရာခိုင်နှုန်းပြည့်မီရေးမှာ ၂၀၂၁မှာပြည့်မီအောင် ထိုးတာပေါ့။ ၂၀၂၂ မှာလည်း ကျွန်တော်တို့က ဖေဖော်ဝါရီမှာ ၂၅ ရာခိုင်နှုန်း၊ ဧပြီလအကုန်မှာဆို ၁၀၀ ရာခိုင်နှုန်းထိုးနှံပေးဖို့ အတွက်ဆိုပြီး ရည်မှန်းပြီးအလုပ်လုပ်နေတယ်”ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က DMG သို့ပြောသည်။
ယင်းသို့ကာကွယ်ဆေးထိုးပေးရခြင်းမှာလည်း ပြည်နယ်အနှံ့ ကိုဗစ်ပိုးကူးစက်ခြင်းလျော့ကျစေရန်နှင့် ရောဂါဖြစ်လျှင်လည်း မပြင်းထန်စေရန်အတွက်ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ကျနော်တို့က ၅၀ ရာခိုင်နှုန်းမပြည့်မီသေးတဲ့အတွက် မြို့နယ်တွေမှာအားထည့်ပြီး ဆောင်ရွက်ရတာရှိတယ်ပေါ့။ အဲဒီမှာ မြို့ပေါ်ကလူတွေက အလှမ်းမှီလို့ ထိုးနှံပြီးသားဖြစ်တယ်။ ဒါပေမယ့် ရွာကလူတွေက မထိုးနှံရသေးတာဖြစ်တဲ့အတွက် ကျေးလက် ကျန်းမာရေးဌာနခွဲအထိဆင်းပြီးတော့ ရွာကလူတွေကိုထိုးတာပေါ့နော်”ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ယမန်နေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်းမှာ ၅၂၁၇ ဦးရှိကာ သေဆုံးသူမှာ ၅၀၁ ဦးထိရှိနေပြီး လက်ရှိဆေးကုသနေဆဲဦးရေမှာ ၇ ဦးရှိကြောင်း ရခိုင်နေ့စဉ်သတင်း၏ဖော်ပြချက်အရ သိရသည်။