သင်္ဘောကွေ့ကျေးရွာကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်ထားတာ မဟုတ်တဲ့အတွက် မြို့နယ်က တာဝန်ရှိသူတွေက ဒေသခံတွေကို ဖယ်ပေးဖို့နဲ့ သူတို့နေထိုင်ဖို့ အင်းဒင်ကျေးရွာဘက်မှာ ကျေးရွာသစ်တည်ဆောက်ပြီး စားစရာတွေလည်း ပေးမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။ သင်္ဘောကွေ့ကျေးရွာသစ်မှာ လူဦးရေ ၂၀၀ ခန့်နေထိုင်တဲ့ အိမ်ထောင်စု ၄၈ စု ရှိတယ်လို့ ကျေးရွာကို ဦးဆောင်တည်ထောင်တဲ့ ဦးအောင်နိုင်က ပြောဆိုထားပါတယ်။ ဒီကနေ့မှာ မြို့နယ်က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကိုဖြိုဖျက်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့သဘောထားတွေကို DMG သတင်းထောက် ဝံသ (မောင်တော) က တွေ့ဆုံမေးမြန်းထားပါတယ်။
သတင်း၊ ရုပ်သံ - ဝံသ (မောင်တော)၊ DMG




