- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
စစ်တကောင်းဆိပ်ကမ်းကို နိုင်ငံခြားသားများ စီမံခန့်ခွဲခွင့် မရရှိစေရေး၊ ရခိုင်အတွက် စာနာမှုစင်္ကြံ ဖွင့်လှစ်ခွင့် မပြုရေးတို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သောကြာနှင့် စနေနေ့တို့၌ ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
29 Jun 2025

စစ်တကောင်းဆိပ်ကမ်းကို နိုင်ငံခြားသားများ စီမံခန့်ခွဲခွင့် မရရှိစေရေး၊ ရခိုင်အတွက် စာနာမှုစင်္ကြံ ဖွင့်လှစ်ခွင့် မပြုရေးတို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သောကြာနှင့် စနေနေ့တို့၌ ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
အဆိုပါဆန္ဒပြပွဲကို လက်ဝဲယိမ်း ဘင်္ဂလားဒေ့ရှ် ပါတီများက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် သောကြာနေ့ နံနက်ပိုင်းတည်းက ဒါကာမြို့မှ စတင်ဆန္ဒဖော်ထုတ် ချီတက်ခဲ့ကြပြီး စနေနေ့ ညပိုင်းတွင် စစ်တကောင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကာ ဆိပ်ကမ်းရှေ့၌ စုရုံး ဆန္ဒထုတ်ဖော်ပြီးနောက် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။
စစ်တကောင်းဆိပ်ကမ်းကို ဆိပ်ကမ်းအာဏာပိုင်များ၏ အကျင့်ပျက်ခြစားသည့် အုပ်ချုပ်မှုများမှ ကင်းလွတ်စွာဖြင့် စီမံခန့်ခွဲရန်နှင့် အစိုးရ၏ ပိုင်ဆိုင်မှုအောက်တွင်သာ ထားရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ဆိပ်ကမ်းသည် ပြည်ပနိုင်ငံများ၏ အသုံးချခံ လုံးဝမဖြစ်စေရဟုလည်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
ရခိုင်တွင် စစ်ပွဲကြီးတစ်ရပ် ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်၌ စာနာမှုစင်္ကြံတစ်ရပ် ထားရှိပြီး ရခိုင်အတွက် အကူအညီများ ပေးအပ်ရန် လမ်းကြောင်းဖွင့်လှစ်ခြင်းသည် ဘင်္ဂလားဒေ့ရှ်ကို နယ်ချဲ့ပါဝါများ၏ စစ်ပွဲထောင်ချောက်တွင် ဝင်ပါသွားစေမည်ဟု ဘင်္ဂလားဒေ့ရှ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရူဟင်းဟူစိန် ပရင့်စ်က ပြောကြားသည်။
ဆိပ်ကမ်း အဆောက်အအုံရှေ့တွင် ဆန္ဒပြချိန်၌ ပါဝင်သူစုစုပေါင်း ၂၀၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ဒေလီစတား သတင်းတစ်ရပ်က ဖော်ပြထားသည်။
အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံ့အချုပ်အခြာအာဏာကို ဆန့်ကျင်သည့် လုပ်ရပ်များအား မရုပ်သိမ်းပါက သြဂုတ်လ ၅ ရက်နေ့ နောက်ပိုင်းတွင် ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း ဆန္ဒပြသူများက သတိပေးထားသည်။
"အမျိုးသားရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို အစိုးရက မရပ်ဘူးဆိုရင် နိုင်ငံလုံးချီ ဆန္ဒပြပွဲ တစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ နောက်ပိုင်းမှာ ပိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ကျွန်တော်တို့ ဆက်လုပ်သွားမယ်" ဟု ရူဟင်းဟူစိန် ပရင့်စ်က ပြောကြားသည်။
အီလွန်မက်၏ စတားလင့် ဂြိုဟ်တုအင်တာနက်ကို ဘင်္ဂလားဒေ့ရှ်တွင် အသုံးပြုခွင့် သဘောတူညီချက်ကိုလည်း ဆန္ဒပြသူအချို့က ကန့်ကွက်မှုများ ရှိခဲ့သည်။