ဘာကီနာဖာဆိုတွင် အာဏာသိမ်းခေါင်းဆောင်အား စစ်တပ်အရာရှိများက အာဏာပြန်သိမ်း

ဘာကီနာဖာဆိုနိုင်ငံတွင် နိုင်ငံတော်အာဏာကိုသိမ်းပိုက်လိုက်ပြီဖြစ်ကာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်မည်ဟုအာဏာသိမ်းစစ်အရာရှိများကစက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာလိုက်သည်။

01 Oct 2022

ဓာတ်ပုံ - Reuters

DMG | အောက်တိုဘာ ၁

ဘာကီနာဖာဆိုနိုင်ငံတွင် နိုင်ငံတော်အာဏာကိုသိမ်းပိုက်လိုက်ပြီဖြစ်ကာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်မည်ဟုအာဏာသိမ်းစစ်အရာရှိများကစက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာလိုက်သည်။

ယခုနှစ်အစောပိုင်းက နိုင်ငံကိုအာဏာသိမ်းကာခေါင်းဆောင်ဖြစ်လာသူအားစစ်တပ်ခေါင်းဆောင်များက ဖြုတ်ချကာအာဏာပြန်သိမ်းလိုက်ခြင်း ဖြစ်သည်။

မြို့တော် အူဂါဒိုဂို၌ ယမန်နေ့ အာရုံတက်အချိန်ကသမ္မတနန်းတော်နှင့် စစ်ဘက်ရပ်ကွက်ထံမှ သေနတ်သံများ ကြားခဲ့ရကြောင်းကိုယ်တိုင်ကြုံခဲ့ရသူအချို့က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားကြသည်။

ထို့နောက် နံနက် ၈ နာရီခန့်တွင် ဗိုလ်ချုပ်မှူးကြီးပေါလ်ဟင်နရီဆန်ဒိုအာဂိုဒါမီဘာကိုဖယ်ရှားလိုက်ပြီဟုစစ်သားတစ်ဒါဇင်ခန့်က တီဗီနှင့် ရေဒီယိုအစီအစဉ်မှတစ်ဆင့် ကြေညာခဲ့သည်။ ဂျီဟက်လက်နက်ကိုင် ပုန်ကန်မှုများကို နှိမ်နင်းရန် ပျက်ကွက်ခဲ့သဖြင့် ဖယ်ရှားလိုက်ခြင်းဟုလည်း ၎င်းတို့ကဆိုသည်။

“ကျွန်တော်တို့ရဲ့ ဘုံယုံကြည်ချက်ကို ကျွန်တော်တို့ကိုယ်တိုင် ယုံကြည်မှုပေးထားတဲ့ ခေါင်းဆောင်ကသစ္စာဖောက်သွားပါတယ်။ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ လွတ်မြောက်ဖို့ကိုထား၊ တစ်ခါက ငြိမ်းချမ်းခဲ့တဲ့ နေရာတွေပါ အခုချိန်မှာအကြမ်းဖက်သမားတွေရဲ့ လက်ထဲကိုရောက်သွားပါပြီ” ဟုအာဏာသိမ်းလိုက်သည့် ဗိုလ်ချုပ်ကြီးများကတီဗီအစီအစဉ်၌ ပြောကြားခဲ့သည်။

သူ့နေရာတွင် အသက် ၃၄ နှစ်အရွယ် ကပ္ပတိန် အီဗရာဟင်ထရာအိုရီကိုခန့်အပ်မည်ဟုလည်းကြေညာခဲ့သည်။

ဖယ်ရှားခံလိုက်ရသောဗိုလ်ချုပ်မှူးကြီးဒါမီဘာ၏ အခြေအနေမည်သို့ရှိသည်ကိုတစ်စုံတစ်ရာမသိရပေ။

ဗီဒီယိုများ