- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဟက်ကာများက သြစတြေးလျနိုင်ငံသားတို့၏ ကျန်းမာရေးမှတ်တမ်းများကို အင်တာနက် မြေအောက်ကွန်ရက်တွင် ဖွင့်ချ
အာမခံကုမ္ပဏီက ခြိမ်းခြောက်ငွေပေးရန် ငြင်းဆိုခဲ့ပြီးနောက် ဟက်ကာများသည် ဝန်ကြီးချုပ်အပါအဝင် သုံးစွဲသူ ၁ဝ သန်းနီးပါးရှိသည့် သြစတြေးလျ ကျန်းမာရေးအာမခံလုပ်ငန်းမှ ခိုးယူခဲ့သည့် အရေးကြီးသော ဆေးမှတ်တမ်းများကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်ချခဲ့သည်။
11 Nov 2022

ဓာတ်ပုံ - AFP
DMG ၊ နိုဝင်ဘာ ၁၁
အာမခံကုမ္ပဏီက ခြိမ်းခြောက်ငွေပေးရန် ငြင်းဆိုခဲ့ပြီးနောက် ဟက်ကာများသည် ဝန်ကြီးချုပ်အပါအဝင် သုံးစွဲသူ ၁ဝ သန်းနီးပါးရှိသည့် သြစတြေးလျ ကျန်းမာရေးအာမခံလုပ်ငန်းမှ ခိုးယူခဲ့သည့် အရေးကြီးသော ဆေးမှတ်တမ်းများကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်ချခဲ့သည်။
လျှို့ဝှက်ကွန်ရက်ဖိုရမ်တွင် တင်ထားသည်မှာ အချို့သော ဖောက်သည် ၉ ဒသမ ၇ သန်းထံမှ ဒေတာနမူနာများဖြစ်ကြောင်း မက်ဒီဘန့်က ရင်းနှီးမြှုပ်နှံသူများအား ပြောကြားခဲ့ပြီး ပေါက်ကြားမှုများ ပိုများလာဖွယ်ရှိသည်။
အရေးကြီးသော မှတ်တမ်းများကို ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အမည်ဝှက်ဖြင့် ပို့စ်တင်ဖြန့်ချိခဲ့ပြီး ၎င်းတို့တွင် ရာနှင့်ချီသော သုံးစွဲသူများ၏ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်များနှင့် ဆေးဘက်ဆိုင်ရာ အာမခံကြေးရယူမှုဆိုင်ရာ အချက်အလက်များပါဝင်သည်။
ဖော်ပြခံရသူများကို “လူညစ်” စာရင်းနှင့် “လူကောင်း” စာရင်းအဖြစ် ခွဲခြားထားသည်။
“လူညစ်”စာရင်းတွင် ပါဝင်သူအချို့တွင် ၎င်းတို့အား မူးယစ်ဆေးစွဲခြင်း၊ အရက်စွဲခြင်း၊ အိတ်ချ်အိုင်ဗွီရောဂါရှိခြင်းတို့နှင့် ချိတ်ဆက်ထားသော ဂဏန်းကုဒ်များ ပါရှိသည်။ ဥပမာအားဖြင့် “p_diag: F122”ဟုခေါ်သော မှတ်တမ်းတစ်ခုသည် စာရင်းသွင်းမှုတစ်ခုကို ညွှန်ပြသည်။
F122 သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ဝေသော နိုင်ငံတကာရောဂါအမျိုးအစား ခွဲခြားမှုအရ “ဆေးခြောက်မှီခိုနေရမှု”နှင့် သက်ဆိုင်သည်။
ဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နစ် ကိုယ်တိုင်က မက်ဒီဘန့်၏ ဝန်ဆောင်မှုရယူထားသူတစ်ဦးဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် သြစတြေးလျ တစ်နိုင်ငံလုံးကို တပ်လှန့်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်လည်း မက်ဒီဘန့်ရဲ့သီးသန့်ဝန်ဆောင်မှု ရယူထားသူဖြစ်ပါတယ်။ ဒီအချက်အလက်အချို့ကို ဖော်ထုတ်ထားမှာကို စိုးရိမ်ပါတယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။
ပေါက်ကြားလာသည့် အချက်အလက်ကို သမားရိုးကျ အင်တာနက်အသုံးပြုနည်းဖြင့် ရှာမတွေ့နိုင်သော လျို့ဝှက်ကွန်ရက်ဖိုရမ်တစ်ခုတွင် ဖော်ပြထားခြင်းဖြစ်သည်။
ပမာဏဖော်ပြထားခြင်းမရှိသည့် အဆိုပါ ခြိမ်းခြောက်ငွေကို မက်ဒီဘန့်က မပေးမချင်း ဒေတာများလွှင့်တင်နေမည်ဟု ကနဦးကတည်းက ခြိမ်းခြောက်မှုတစ်ခုအား ဟက်ကာများက ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
“စာကြွင်းအအနေနဲ့ မက်ဒီဘန့် စတော့ရှယ်ယာတွေကို ရောင်းဖို့ ကျွန်တော်အကြံပြုပါတယ်”ဟု ဟက်ကာများက ဒေတာပထမအသုတ်ကို မထုတ်ပြန်မီ ၂၄ နာရီအလိုတွင် ဖိုရမ်တွင် ရေးသားခဲ့သည်။