- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ရေငုပ်သင်္ဘောများ ပူးတွဲထုတ်လုပ်ရန် ဗြိတိန်နှင့် ဩစတြေးလျတို့ သဘောတူလက်မှတ်ထိုးမည်
ဗြိတိန်နှင့် ဩစတြေးလျတို့သည် ရေငုပ်သင်္ဘောများ ပူးတွဲထုတ်လုပ်ရန်အတွက် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဟု ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Sep 2024
ဗြိတိန်နှင့် ဩစတြေးလျတို့သည် ရေငုပ်သင်္ဘောများ ပူးတွဲထုတ်လုပ်ရန်အတွက် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဟု ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
AUKUS မဟာမိတ် သဘောတူညီချက်အောက်တွင် အကောင်အထည်ဖော်မည့် ယခုစီမံကိန်းဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအမျိုးအစားသစ်တစ်မျိုးကို ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်တွင် အမေရိကန်ပြည်ထောင်စုလည်း ပါဝင်မည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
သြစတြေးလျသည် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုထံမှနေ၍ US Virginia အဆင့်ရှိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဝယ်ယူမည်ဖြစ်ပြီး ယင်းနောက်တွင် ဩစတြေးလျနှင့် ဗြိတိန်တို့ပူးပေါင်းလိုက်သော ၂၀၂၃ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သည့် AUKUS လုပ်ငန်းစဉ်အောက်၌ AUKUS ရေငုပ်သင်္ဘောအမျိုးအစားသစ်ကို ဗြိတိန်ရှိ Barrow-in-Furness နှင့် ဩစတြေးလျတောင်ပိုင်းတို့တွင် တည်ဆောက်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ AUKUS လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ဩစတြေးလျနဲ့ ဗြိတိန်တို့ရဲ့အကြားမှာ သဘောတူညီချက်စာချုပ် ချုပ်ဆိုဖို့နဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ချက် သဘောတူညီမှုတွေ ဆောင်ရွက်ဖို့ ညှိနှိုင်းဆွေးနွေးပါမယ်”ဟု လန်ဒန်မြို့တွင် စင်တင်ဘာလ ၂၆ ရက်နေ့၌ ဗြိတိန်၊ အမေရိကန် အရာရှိများနှင့် တွေ့ဆုံပြီးနောက် ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မာလက်စ်က သတင်းထောက်များကို ထုတ်ဖော်ပြောကြားသွားခဲ့သည်။
AUKUS ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက အင်ဒို ပစိဖိတ်ဒေသရှိ ရေငုပ်သင်္ဘောရှာဖွေရေး လေယာဉ်အဖြစ် အသုံးပြုနေသော P-8A Maritime Patrol Aircraft တွင် ဗြိတိန်ထုတ် Stingray တော်ပီဒိုများ အသုံးပြုရန် သဘောတူပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
AUKUS မိတ်ဖက်များသည် ထိုးစစ်နှင့် ခံစစ်တို့တွင် အသံထက်မြန်သည့် Hypersonic အသံနည်းပညာများကို တီထွင်ထုတ်လုပ်နိုင်စေရန် ၎င်းတို့၏စွမ်းရည်ကို တိုးမြှင့်လုပ်ဆောင်နေပြီး ယခုနှစ်နှောင်းပိုင်းတွင် အကြီးစားဒရုန်းလေ့ကျင့်ရေးကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။