ဆန္ဒပြမှုကြောင့် ပြစ်ဒဏ်ချခံထားရသည့် အကျဉ်းသား/သူ ၁၃၀၀ ကျော်ကို စစ်ကောင်စီမှပြန်လွှတ်၊ တရားစွဲဆိုခံထားရသူ ၄၃၀၀ ကျော်၏ ကြားနာစစ်ဆေးဆဲအမှုများကိုလည်းပိတ်သိမ်း

ဆန္ဒပြမှုကြောင့် အရေးယူခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆)ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

18 Oct 2021

DMG ၊ အောက်တိုဘာ ၁၈

ဆန္ဒပြမှုကြောင့် အရေးယူခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆)ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

CRPH ၊ NUG တို့၏ သွေးထိုးလှုံ့ဆော်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေရသူများနှင့် နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများအား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ယခုကဲ့သို့ အကျဉ်းသားများနှင့် တရားစွဲခံထားရသူများကို လွှတ်ပေးခြင်း၊ အမှုမှရုပ်သိမ်းပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်းယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ ၁၃၁၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော်လည်း၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသောပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီကဆိုသည်။

လက်ရှိ နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အတွင်း တရားရုံးအသီးသီး၌ တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့၏ အဖွဲ့ဝင်များနှင့်ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့ကို စစ်ကောင်စီက အမှုပိတ်သိမ်းပေးခဲ့သည်။

ဗီဒီယိုများ