- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
စစ်တွေမြို့တွင် ရိုက်နှက်ခံရသည့် အသက် ၁၂ အရွယ် မိန်းကလေးငယ် သေဆုံး
စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရိုက်နှက်ခံရပြီး သတိလစ်မေ့မျော့ခဲ့ရသည့် မိန်းကလေးငယ်သည် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရင်း ယနေ့ မတ်လ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် သေဆုံးသွားသည်။
17 Mar 2023

DMG ၊ မတ် ၁၇
စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရိုက်နှက်ခံရပြီး သတိလစ်မေ့မျော့ခဲ့ရသည့် မိန်းကလေးငယ်သည် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရင်း ယနေ့ မတ်လ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက DMG ကို ပြောသည်။
'' ဒီနေ့ ၂ နာရီကျော်လောက်မှာ မိန်းကလေးငယ်က ဆုံးသွားခဲ့ပါတယ်။ ရဲဘက် အမှုစစ်နဲ့ စကားပြောလိုက်ရတဲ့အချိန်မှာလည်း သူကိုယ်တိုင်စစ်နေတယ်။ Rape ကိစ္စ သေချာပါတယ်ဆိုပြီးတော့ စကားထွက်တယ်။ ဆေးစစ်ချက်က ဒီမှာက စစ်လို့မရတဲ့အခြေအနေတွေ ရှိနေတဲ့အခါ ရန်ကုန်တို့၊ နေပြည်တော်တို့ကို ပို့ပြီး စစ်ဆေးရတဲ့အပိုင်းတွေ ရှိတယ်လို့သိရတယ် " ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
အဆိုပါ အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ်သည် မင်းဂံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မတ်လ ၁၅ရက်နေ့ ညအချိန်တွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ကာ မတ်လ ၁၆ရက် နံနက်ပိုင်းတွင်မှ မင်းဂံအကွက်(၁၃)ရှိ မီးရထားလမ်းအနီးတွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် အဝတ်အစားမပါဘဲ သတိလစ်မေ့မျော့နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရိုက်နှက်ခံထားရသည့်အတွက် မိန်းကလေးငယ်၏ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း ညိုမဲစွဲ ဒဏ်ရာများစွာရှိနေကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။
ယင်းဖြစ်စဉ်မှ မသင်္ကာသည့် အိမ်နီးချင်း ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးကို ပြည်နယ် စစ်ကောင်စီ သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူများမှ ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်အမျိုးသမီးများကွန်ရက်မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
#R005