Akyab Stars ကဦးစီးကျင်းပသော Mrs Ethnic Tourism 2022 အတွက် ဆုရရှိသူကို ဆုချီးမြှင့် (Photo News)

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်အားလုံးက ပါဝင်ယှဉ်ပြိုင်သည့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ ဆုရရှိသူကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်ကျရောက်သည့် Akyab Stars တည်ထောင်ခြင်း သုံးနှစ်ပြည့်အထိမ်းမှတ်နေ့၌ ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

By Admin 22 Dec 2022

Akyab Stars ကဦးစီးကျင်းပသော Mrs Ethnic Tourism 2022 အတွက် ဆုရရှိသူကို ဆုချီးမြှင့် (Photo News)

DMG | ဒီဇင်ဘာလ ၂၂

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်အားလုံးက ပါဝင်ယှဉ်ပြိုင်သည့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ ဆုရရှိသူကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်ကျရောက်သည့် Akyab Stars တည်ထောင်ခြင်း သုံးနှစ်ပြည့်အထိမ်းမှတ်နေ့၌ ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

ဒါ့အပြင် Mrs Ethnic Tourism 2023 တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ်များကိုလည်း စတင်မိတ်ဆက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို ရခိုင်အခြေစိုက် Mrs Ethnic Tourism အဖွဲ့က ဦးဆောင်ကာ ဆုချီးမြှင့်ခြင်းဖြစ်ပြီး ယခင်နှစ်က ပြိုင်ပွဲကို ဒေသတည်ငြိမ်မှုမရှိသောကြောင့် မကျင်းပလိုက်ရခြင်းဖြစ်သည်ဟု Akyab Stars တည်ထောင်သူ ကိုစံသာက ပြောသည်။

“ပထမမှာတော့ Mrs Ethnic Tourism 2022 ပြိုင်ပွဲကို ကျနော်တို့က ဒီဇင်ဘာလ ၂၂ ရက်ကနေ့ ၂၆ ရက်နေ့ အထိ ကျင်းပသွားဖို့ ပြုလုပ်ထားထာရှိပါတယ်။ ဒေသအခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲကို နောက်ဆုတ်ဖို့ ဖြစ်သွားတယ်။ ဒီနှစ်အတွက်တော့ ပြိုင်ပွဲဝင်တွေအထဲက ဆုရရှိသူတစ်ဦးကို ရွေးချယ်ပြီးတော့ ဆုချီးမြှင့်လိုက်ရတာဖြစ်တယ် ” ဟု ကိုစံသာကပြောသည်။

Mrs Ethnic Tourism 2022 အတွက်ဆုရရှိသူမှာ အသက် ၃၈ နှစ်အရွယ် မမြနန္ဒာဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ယခုလို အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ ကိုကျင်းပပေးသည့်အတွက် အလွန်ပင်ပျော်ရွှင်ရသည်ဟု ဆိုသည်။

Mrs Ethnic Tourism 2023 ခုနှစ်အတွက်ပြိုင်ပွဲတွင် အသက် ၂၀ ဆယ်မှ ၃၀ နှစ်အထိကို ဆုတစ်မျိုး၊ အသက် ၃၀ မှ အသက် ၄၀ နှစ် အထိကို ဆုတစ်မျိုး၊ အသက် ၄၀ မှ ၅၅ နှစ် အထိကို ဆုတစ်မျိုး စသဖြင့် ဆုသုံးမျိုးကို ဆုငွေသိန်း ၂၀ မှ သိန်း ၅၀ အထိအသီးသီး ချီးမြင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဗီဒီယိုများ